ကလေးဝ ၁၅ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်းရှိ ကျောက်မီးသွေးလုပ်ကွက်များအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့ကို ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချို နှင့် တာဝန်ရှိသူများသည် ကလေးဝမြို့နယ် ကျောက်မီးသွေးလုပ်ကွက်များဖြစ်သည့် ဖြိုးဓနကုမ္ပဏီနှင့် အခြား ဆက်စပ်ကုမ္ပဏီလုပ်ကွက်များအတွင်း လုပ်ငန်းခွင်သုံးဖောက်ခွဲရေးယမ်းများ စနစ်တကျ သိုလှောင်ထား ရှိခြင်းရှိ/မရှိကိုလည်းကောင်း၊ လုပ်ငန်းခွင်လုံခြုံရေးအသိ၊ သတိဆောင်ရွက်ခြင်းတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကုမ္ပဏီဝန်ထမ်းလုပ်သားများ၊ ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့် မိသားစုဝင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်းလိုက်နာ ဆောင်ရွက်ကြရန်တို့ကိုမှာကြားခဲ့ကြသည်။

 

ထန်းဖုန်(ပြန်/ဆက်)

 

mdn