နေပြည်တော် ၁ ဇူလိုင်

 

စစ်ကိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၌ ဇွန် ၃၀ ရက်က မိုးကြိုးပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန် ၃၀ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် ကလေးဝမြို့နယ်၊ နောင်အိုင်ကျေးရွာနေ ဦးချစ်ဖွယ် (၅၂)နှစ်နှင့် တောင်အောက်ကျေးရွာနေ ဒေါ်မဲစိန် (၄၄)နှစ်တို့သည် ကျေးရွာတောင်ဘက် ၂ ဖာလုံခန့်အကွာ လက်ပံညီနောင်ချောင်းအနီးရှိ လယ်ကွင်းအတွင်း ကျွဲကျောင်းနေစဉ် မိုးကြိုးပစ်ခတ်မှုကြောင့် မိုးကြိုးထိမှန်ပြီး ခန္ဓာကိုယ် မီးလောင်ဒဏ်ရာများရရှိကာ သေဆုံးသွားသဖြင့် မစိန်နယ်မြေရဲစခန်း၌ သေမှုသေခင်းရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား