ကလေးဝ ၁၇ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် (၇၂)နှစ်မြောက်အာဇာနည်နေ့ အကြိုဟောပြောပွဲ စာအုပ်ပြပွဲနှင့် ဓာတ်ပုံပြပွဲကိုယနေ့ နံနက် ၁၀နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများက အာဇာနည်နေ့ ပေါ်ပေါက်လာပုံအကြောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်ဆောင်ကြီးများ၏ အထ္ထုပ္ပတ္တိနှင့် လွတ်လပ်ရေးကြိုးပမ်းမှု အကြောင်းများကို ကျောင်းသား ကျောင်းသူများအနေဖြင့် အားကျအတုယူစေရန် ရည်ရွယ်၍ ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား ကျောင်းသူများသည် ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် ဓာတ်ပုံများကိုကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)


