ကလေးဝ   ၂၁   မေ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ သတိပေးချက်များနှင့်အညီ တိကျစွာ လိုက်နာပြင်ဆင် ဆောင်ရွက်ရေး အသိပညာပေးခြင်းကို မေ  ၂၁ ရက်က မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကလေးဝမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ရှင်နှင့်ဝန်ထမ်းများ လိုက်နာရမည့် စည်းကမ်းချက်များ၊  စားသုံးသူများလိုက်နာရမည့် စည်းကမ်းချက်များ၊ စားသောက်ဆိုင်များတွင် ပြင်ဆင်ထားရှိရန်အချက်များ၊ အထူးဂရုပြုဆောင်ရွက်ရမည့် သန့်ရှင်းရေးလုပ်ငန်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန် အသိပညာပေးပြီး လိုက်နာပြင်ဆင်ဆောင်ရွက်ပြီးပါက မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ စစ်ဆေးမှုကိုခံယူ၍ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်ကိုက်ညီပါက ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

သက်ဟန်(ကလေးဝ)