ကလေးဝ စက်တင်ဘာ ၂၀

    

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးဝမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်လျက်ရှိရာ မြို့နယ် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီခွဲ တိုင်းထွားချက်အရ ယခုအခါ ချင်းတွင်းမြစ်ရေသည် ၈၇၆ စင်တီမီတာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။

    

ကလေးဝမြို့၏ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်သည် ၁၅၅၀ စင်တီမီတာဖြစ်ပြီး ယခုအခါ ချင်းတွင်းမြစ်ရေသည်  ယမန်နေ့ ညနေ ၆ နာရီခွဲ ရေအမှတ်အထက် ၁၃ စင်တီမီတာ မြင့်တက်ခဲ့၍ ၈၇၆ စင်တီမီတာသို့ ရောက်ရှိနေကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ သိရှိရသည်။

                                   

မြို့နယ်ပြန်/ဆက်