ကလေးဝ ၁၈ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ဖြတ်သန်းသွားလာ၊ ပြေးဆွဲ၊ ဆိုက်ကပ် သော ပုဂ္ဂလိက ခရီးသည်တင် အမြန်ရေယာဉ်နှင့် ကုန်တင်ရေယာဉ်များ ချင်းတွင်းမြစ်ရေ မြင့်တက်လာ၍ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် သတိပေးဆောင်ရွက်လျက်ရှိသည်။
ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၅၅၀ စင်တီမီတာဖြစ်ပြီး ယခုအခါ ၁၃၅၀ စင်တီမီတာသို့ ရောက်ရှိနေသဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီး သတ်ဦးစီးဌာန၊ စက်တပ်ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကလေးဝမြို့နယ်အတွင်း ဖြတ်သန်းသွားလာ၊ ပြေးဆွဲ၊ ဆိုက်ကပ်သော ပုဂ္ဂလိက ခရီးသည်တင်အ မြန်ရေယာဉ်များနှင့် ကုန်တင်ရေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ၎င်းရေယာဉ်များအား သတ်မှတ်ခရီးသည်အတိုင်း တင်ဆောင်ရန်၊ အသက်ကယ်အင်္ကျီ / အသက်ကယ်ဘောကွင်း များလုံလောက်စွာ အရန်သင့် ထားရှိရန်၊ သတ်မှတ်ဝန်တင်မျဉ်း နစ်မြုပ်သည်အထိ ကျော်လွန်တင် ဆောင်ခြင်းမပြုရန်၊ ရေယာဉ်နှင့် ပတ်သက်သော လိုင်စင် လုပ်ငန်းလိုင်စင် ရေယာဉ်အုပ်/စက်ခန်း အုပ် လက်မှတ်များ ပြည့်စုံမှုရှိ/မရှိ၊ မြို့နယ်အလိုက်စစ်ဆေးရေးအဖွဲ့များသို့ သတင်းပို့ရန်၊ ညဘက် မောင်းနှင်ခြင်း လုံးဝမပြုလုပ်ရန် စသည့်အချက်များကို အသိပညာပေး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)


