ကလေးဝ ၁၈  ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊  ကလေးဝမြို့တွင်  မြို့နယ်မီးသတ်ဦးစီးဌာနမှ   မီးသတ်ဦးစီးမှူး ဦးမျိုးသိင်္ခနှင့် တပ်ဖွဲ့ဝင်များသည် ကယ်ဆယ်ရေးသုံးပစ္စည်းများဖြင့်  လက်တွေ့သရုပ်ပြ  လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။

 

mdn

 

ယင်းသို့ သရုပ်ပြလေ့ကျင့်ရခြင်းမှာ သဘာဝဘေးနှင့် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်လာပါက ပိတ်ဆို့မှု ဖြစ်ပေါ်နေသော နေရာများအား ဖြတ်တောက်ရှင်းလင်းဖယ်ထုတ်ပေးသော ကယ်ဆယ်ရေး ပစ္စည်းကိရိယာ   Hydraulic Cutter၊  Hydraulic  Spreader၊  Hydraulic Ram နှင့် Lifting Bags များကို မီးသတ်တပ်ဖွဲ့ဝင်များ ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန်ဖြစ်ပြီးဇွန်  ၁၁ ရက်နေ့ ကလည်း  ကလေးဝ-ကလေး  ကားလမ်း  မိုင်တိုင်အမှတ်  ၁/၇ တွင်  မိုးရွာသွန်းမှုကြောင့် တောင်ပြို ကျ၍ ခရီးသွားဆိုင်ကယ်တစ်စီး ပိမိနေသည်ကို သွားရောက် ကယ်ဆယ်ခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးမှူး ဦးမျိုးသိင်္ခထံမှ သိရသည်။

 

သက်ဟန်(ကလေးဝ)