ကလိန်အောင် ၁၀ သြဂုတ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အလယ်စခန်းကျေးရွာ၊ ရေး-ထားဝယ်ကားလမ်း၊ မိုင်တိုင်အမှတ် (၇၆/၆)နေရာတို့တွင် ယနေ့နံနက် ၁၀ နာရီခန့်က မြေပြိုမှုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြေပြိုကျမှုသည် မိုင်တိုင်အမှတ် (၇၆/၆)တွင် ခန့်မှန်းအရှည် ပေ (၂၀ဝ)၊ အကျယ် (၂၄)ပေ၊ အမြင့်(၆)ပေခန့်နှင့် (လမ်းတစ်ဝက်စီ)မြေများ ပြိုကျနေခြင်းဖြစ်ပြီး လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့၍ လမ်းအထူးအဖွဲ့ (၂၃)မှ ယာဉ်များသွားလာနိုင်အောင် ရှင်းလင်းဆောင်ရွက်လျက်ရှိ‎ကြောင်း သိရသည်။

အလားတူ ယနေ့နံနက် ၇ နာရီခန့်ကလည်း ကလိန်အောင်မြို့၊ အလယ်စခန်းကျေးရွာ၊ ရေး-ထားဝယ်ကားလမ်း၊ မိုင်တိုင်အမှတ် (၈၁/၄)နှင့် (၈၁/၅)နေရာတို့တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လမ်းအထူးအဖွဲ့ (၂၃)မှ ရှင်းလင်းဆာင်ရွက်လျက်ရှိကြောင်း သိရသည်။

ကလိန်အောင်(ပြန်/ဆက်)

 

mdn