ကလိန်အောင် ၁၈ မေ

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းရှိ facility Quarantine တွင် ထားရှိသည့် နေရပ်ပြန် စောင့်ကြည့်သူများအား မေ ၁၈ ရက် နံနက် ၁၀ နာရီခွဲက သောက်သုံးရေနှင့် ထမင်းဟင်းများ လှူဒါန်းကြကြောင်း သိရသည်။

 

ထို့သို့ လှူဒါန်းရာတွင် ရေဖြူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ကလိန်အောင်မြို့၊ ဖြူစင်မေတ္တာ ပရဟိတအဖွဲ့တို့မှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ကလိန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းရှိ facility Quarantine တွင် ထားရှိသည့် နေရပ်ပြန် စောင့်ကြည့်သူ ကျား(၂)ဦး၊ မ(၃)ဦး၊ စုစုပေါင်း(၅)ဦးအား သောက်သုံးရေ(၃)ကဒ်နှင့် ထမင်း၊ ဟင်း(၁၀)ဘူး ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မိုးမိုးခိုင် (ပြန်ဆက်)