ကလိန်အောင် ၇ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကလိန်အောင်မြို့ ဇင်းဘာကျေးရွာရှိ သုဓမ္မဒီပဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ မနက် ၉ နာရီက ဒေသခံပြည်သူများအား ငှက်ဖျားရောဂါပိုး စစ်ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်ခင်သူဇာက ငှက်ဖျားရောဂါပိုးအကြောင်းနှင့် ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေးဟောပြောသည်။
ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရာတွင် ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်ခင်သူဇာနှင့်အဖွဲ့၊ ကလိန်အောင်မြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနက အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်နှင်းယုထွေးနှင့် သားဖွားဆရာမများတို့က ဇင်းဘာကျေးရွာရှိ ဒေသခံပြည်သူများအား ငှက်ဖျားရောဂါပိုးရှိ/မရှိ သွေးဖောက်စစ်ဆေးပေးခြင်း၊ အထွေထွေရောဂါများစစ်ဆေး ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ငှက်ဖျားရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကလိန်အောင် (ပြန်/ဆက်)


