ကလိန်အောင် ၁၆  အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ နတ်အိမ်တောင်သွားကားလမ်း အနီး၌ နယ်မြေခံတပ်ရင်းမှ သိမ်းဆည်းထားသည့် တရားမဝင်ရွှေမျောလုပ်ငန်း အသုံးပြုသည့်စက်နှင့် ဆက်စပ်ပစ္စည်းများအား  အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက အဆိုပါနေရာ၌ ထားဝယ်မြို့ အမှတ်(၂)သတ္တုတွင်းဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

 

အဆိုပါလွှဲပြောင်းရယူရန်အတွက် ကလိန်အောင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ ထားဝယ်မြို့ အမှတ်(၂) သတ္တုတွင်းဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမိုးနှင့်အဖွဲ့၊ ဇင်းဘာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့သည် နယ်မြေခံတပ်ရင်းမှ သိမ်းဆည်းထားသည့် ရွှေများပြုလုပ်ရာတွင်အသုံးပြုသည့် စက်နှင့် ဆက်စပ်ပစ္စည်းများအား လွှဲပြောင်းရယူခဲ့သည်။

 

ထို့နောက် လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမိုး မှ  (၄)လုံးထိုးအင်ဂျင် (အမျိုးအစားဖတ်မရ) (၇)လုံး၊  ရေစုပ်ပန့် (၂)လုံး (ကောင်း) ၊ သံဆီပီပါခွံ (၆)လုံး (ကောင်း)၊  ပလက်စတစ်ဆီပီပါခွံ (၁၂၀)လုံး (ကောင်း)၊ ပလက်စတစ်ဆီပီပါ (ဒီဇယ်ဆီ ဂါလန် ၅၀ ပါ) (၈)လုံး၊ ပလက်စတစ်ဆီပီပါ (ဒီဇယ်ဆီ ၁၅ ဂါလန်ပါ) (၃)လုံး၊  (၄)လက်မသံပိုက် အလျား(၁၈)ပေ (၉)လုံး၊ လူနေတဲ (ပလတ်စတစ်မိုး၊ ပလတ်စတစ်ကာ၊ ဝါးခင်း) ၄ လုံး ၊ (၆)လုံးထိုးအင်ဂျင် (Yux INGDONG) (၁)လုံး (ကောင်း)၊ ရေစုပ်စက် (တရုတ်နီ) ၂၂ ကောင် (၁)လုံး (မကောင်း)၊  ဘက်ဟိုး Dx 300 LCA မှန်အလုံပိတ် (၁)စီး (ကောင်း) ၊  ဂျင်ဒေါင်းအမျိုးအစား ၂၂ ကောင်မီးစက်(၁)လုံး (မကောင်း) ၊ ဂျင်ဒေါင်းအမျိုးအစား ၂၂ ကောင်ရေစုတ်စက်(၁)လုံး (မကောင်း)၊ ရေခဲသေတ္တာ ( GLACIER ) အမျိုးအစား(၁)လုံး (မကောင်း)၊ ရေခဲသေတ္တာ (CHANGHONG ) အမျိုးအစား(၁)လုံး (မကောင်း)တို့အား လက်ခံရယူခဲ့သည်။

 

ဆက်လက်ပြီး ကားများ ဝင်ရောက်နိုင်ခြင်းမရှိသဖြင့် တပ်မတော်သားများမှ ၎င်းပစ္စည်းများအား ကားများရှိရာ နတ်အိမ်တောင်သွားလမ်းမပေါ်သို့ သယ်ဆောင်ခဲ့ပြီး သယ်ဆောင်နိုင်ခြင်းမရှိသည့် ကျန် ပစ္စည်းများအား ၎င်းနေရာများတွင် မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

 

ကလိန်အောင်( ပြန်/ဆက်)