ကလိန်အောင် ၂ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ စားသောက်ဆိုင်များ၌ တောရိုင်းတိရစ္ဆာန် ဟင်းလျာများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နေ့လယ်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကလိန်အောင်မြို့ တနင်္သာရီသဘာဝ ကြိုးဝိုင်းစီမံကိန်းမှ စီမံကိန်းဦးစီးအရာရှိ ဦးအောင်မြင့်မြတ်နှင့်အဖွဲ့၊ ကလိန်အောင်နယ်မြေရဲစခန်းမှူး ရဲအုပ် တင်ကိုကို ပါ တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အကြီးတန်းစာရေး ရဲနိုင်ထွေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်း၏ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်းများကို ပူးပေါင်းပါဝင်သည့် အနေဖြင့် ကလိန်အောင်မြို့အတွင်းရှိ စားသောက်ဆိုင်များ၌ တောရိုင်းတိရစ္ဆာန် ဟင်းလျာများ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခြင်း၊ စားသောက်ဆိုင်များ၌ ဗီနိုင်းပိုစတာများ ကပ်ပေးခြင်းနှင့် ဆိုင်ရှင်များအား တောရိုင်းတိရစ္ဆာန်ဟင်းလျာများ ရောင်းချခြင်းမပြုရန် ခံဝန်လက်မှတ်ရေးထိုးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)


