ကလိန်အောင် ဇူလိုင် ၁၂

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကာ မြို့အတွင်းရှိ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်/ရှောင်ရန်များအား နှိုးဆော်အသိပေးခြင်းကို ဇူလိုင် ၁၁ ရက် ညနေ (၄) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ နှိုးဆော်အသိပေးခြင်း ဆောင်ရွက်ရာတွင် မိမိတို့မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေးစေရေးအတွက် ပြည်သူများအနေဖြင့် အထူးဂရုပြုသွားလာနေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာချိန်တိုင်း Mask (နှာခေါင်းစည်း)များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မလိုအပ်ဘဲ လူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာ၍ အချင်းချင်းအသိပေးခြင်း၊ သတိပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

 

ပြန်/ဆက်