ကလိန်အောင် ဇူလိုင်  ၁၂

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်သို့ထွက်တိုင်း နှာခေါင်းစည်း(mask) မဖြစ်မနေတပ်ဆင်ရေး (Mask Campaig) ကို မြို့မဈေးနှင့် ကားဂိတ်များ၊ လူစည်ကားရာလမ်းဆုံလမ်းခွများတွင် ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် စျေးအတွင်းသို့ ဝင်ရောက်လာသည့် စျေးရောင်းစျေးဝယ်သူများနှင့် လမ်းသွားလမ်းလာ ဒေသခံပြည်သူများ၊ မြို့အတွင်းသို့ ဝင်ရောက်လာသည့် ခရီးသွားပြည်သူများ နှာခေါင်းစည်း Mask များ တပ်ဆင်ပေးခြင်းကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ ဦးဝင်းရွှေ၊ တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြန်/ဆက်