ကလိန်အောင် ၁၂ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ် (၁)ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန်ပစ္စည်း(၅) မျိုးအား ဧပြီ ၁၁ ရက် မွန်းလွဲ ၂ နာရီမှစ၍ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံ၍ ဖြန့်ဝေပေးအပ်ကြကြောင်း သိရသည်။
အဆိုပါ ဖြန့်ဝေပေးအပ်ရာတွင် ကလိန်အောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်စိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းအောင်တို့အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက ကလိန်အောင်မြို့ အမှတ် (၁) ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်၏ ထောက်ပံ့ရေးပစ္စည်းများဖြစ်သော အိမ်ထောင်စု (၁) စုလျှင် ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ပဲ (၁) ပိဿာ၊ ဆား( ၅၀ )ကျပ်သား၊ ကြက်သွန်နီ (၁) ပိသာတို့အား အိမ်တိုင်ရာရောက် လိုက်လံဖြန့်ဝေပေးအပ်ကြကြောင်း သိရသည်။
မိုးမိုးခိုင်


