ကလိန်အောင် ၁၁ ဧပြီ
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကလိန်အောင်မြို့နယ်ပြည်သူ့ဆေးရုံတွင် လိုအပ်နေသည့် PPE ဝတ်စုံ (၂၂)စုံ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်ခရိုင် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပေးအပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ပေးအပ်လှူဒါန်းရာတွင် ကလိန်အောင်မြို့ အခြေခံပညာမူလတန်းကျောင်းမှ မိဘဆရာ အသင်းနှင့် ကျောင်းအကျိုးတော်ဆောင်မှ နာယက ဦးကျော်ဌေးနှင့်အဖွဲ့၊ စေတနာမွန် နာရေးကူညီမှုအသင်းမှ ဦးဝင်းမြင့်နှင့်အဖွဲ့၊ ကံပေါက်ဒေရှိTotal ကုမ္ပဏီမှ လုံခြုံရေးအဖွဲ့တို့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည့် PPE ဝတ်စုံ (၂၂)စုံအား ပေးအပ်ရာ ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာ ထွန်းထွန်းအောင်တို့က လက်ခံရယူခဲ့သည်။
ကလိန်အောင်မြို့အတွင်း၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ Facility Quarantine စခန်းဖွင့်လှစ်ထားရှိပြီး စောင့်ကြည့်လူနာ(၅)ဦး ရှိကြောင်းသိရသည်။
မြို့နယ်ပြန်ဆက်



