ကလိန်အောင်   ၂၃  ဖေဖော်ဝါရီ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ပေါ်ရှိ စက်သုံးဆီများရောင်းချနေသော ဆီဆိုင်များအား ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

019

 

ထို့သို့ စစ်ဆေးရာတွင် ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလှိုင်၊ ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးသိန်းနိုင်၊ ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်ဝင်း နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ပန်သစ္စာ စက်သုံးဆီဆိုင်နှင့် အမှတ်(၄) ရပ်ကွက်ရှိ မင်းချမ်းသာ စက်သုံးဆီဆိုင်များတို့တွင် စက်သုံးဆီရောင်းဝယ်မှုနှင့် ပတ်သတ်၍ မေးမြန်းခြင်း၊ စက်သုံးဆီ အရည်အသွေးပြည့်မီမှုရှိ မရှိ စစ်ဆေးခြင်း၊ စက်သုံးဆီရောင်းချရာတွင် အချိန်တွယ်ပြည့်မပြည့် စစ်ဆေးခြင်း၊ ဆီနမူနာများ ရယူစစ်ဆေးပြီး မှတ်တမ်းဓာတ်ပုံရိုက်ခြင်း၊ မီးသတ်ဆေးဘူး ထားရှိမှုရှိ မရှိ၊ စက်သုံးဆီများအား ရောင်းဝယ်ရာတွင် စနစ်တကျ ဆီသိုလှောင်ကန်ထားမှုရှိ မရှိတို့ကို စစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

မိုးမိုးခိုင်(ပြန်/ဆက်)

 

2858