ကလိန်အောင်  ၃၁  ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတို့တွင်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး‌ ငွေလုံငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း၊ တံတား အပါဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၁၄)ခုကို ဆောင်ရွက်မည့်ဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

 

ထို့သို့ ဆောင်ရွက်ရာတွင် ကလိန်အောင်မြို့အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်မည့် ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ စုပေါင်းရုံးလမ်း၊ ကွန်ကရစ် တံတားအမှတ်(၁) ဆောက်လုပ်ခြင်း၊ ဝန်ထမ်းအိမ်ရာတွင် (၂လက်မ) အဝီစိတွင်းတူးဖော်ခြင်း (မော်တာတပ်ဆင်ခြင်းအပါ ပေ ၁၅၀ အနက်)လုပ်ငန်း၊ တိုင်းဒေသကြီးထပ်တိုး ဘတ်ဂျက်ဖြင့် ကလိန်အောင်မြို့ပတ်လမ်း တာပေါင်ဖို့ခြင်းလုပ်ငန်းအပိုင်း(၃)၊ အမှတ်(၁)ရပ်ကွက် မူကြိုကျောင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ အမှတ် (၂)ရပ်ကွက် ခွာညိုလမ်းကျောက်ရောမြေခင်းခြင်း၊ အမှတ်(၃)ရပ်ကွက်ရှိ ဘောလုံးကွင်း အဝင်လမ်း ကွန်ကရစ်ခင်းခြင်း၊ အမှတ်(၂)ရပ်ကွက် စမ်းချောင်းလမ်း ကျောက်ရောမြေခင်းခြင်းနှင့် ဘောဂသုခလမ်းသွယ် ကွန်ကရစ်ခင်းခြင်း၊ အမှတ်(၃)ရပ်ကွက်  ခတ္တာလမ်း ကွန်ကရစ်ခင်းခြင်း၊ အမှတ်(၄)ရပ်ကွက် နတ်သျှင်နောင်လမ်း ကွန်ကရစ်ခင်းခြင်း၊ အမှတ်(၄)ရပ်ကွက် ကျန်စစ်သားလမ်း ကွန်ကရစ်ခင်းခြင်းများ ဖြစ်သည်။

 

အလားတူ ကလိန်အောင်မြို့ မိကျောင်း‌လှောင်းကျေးရွာ (ရွာသစ်)ရွာပတ်လမ်းကွန်ကရစ်ခင်းခြင်း၊ အမှတ်(၃) ရပ်ကွက် (စုပေါင်းရုံး လမ်းကွန်ကရစ်တံတားအမှတ်(၂) ဆောက်လုပ်ခြင်းနှင့် အမှတ်(၃)ရပ်ကွက် အမှိုက်ကန်တိုးချဲ့ခြင်း လုပ်ငန်းတို့အား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကလိန်အောင်(ပြန်/ဆက်)