ကလိန်အောင် ၁၀ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့သည် နယ်စပ်မြို့ငယ်လေး တစ်မြို့ဖြစ်သောကြောင့် ခရီးတစ်ထောင့် ကားရပ်နားသည့် ထမင်းဆိုင်များတွင် တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလအတွင်း နေရပ်ပြန်ခရီးသွားဧည့်သည်များ၊ အပန်းဖြေခရီးသွားပြည်သူများနှင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။
အဆိုပါ ခရီးသွားရာတွင် တန်ဆောင်တိုင်ရုံးပိတ်ရက် (၄)ရက် ဖြစ်သောကြောင့် နေရပ်ပြန်ခရီးသည်များ၊ ရန်ကုန်မြို့နှင့် အထက်မြန်မာပြည်ဘက်မှ ခရီးသည်များအနေဖြင့် အဝေးပြေးယာဉ်လိုင်းများဖြင့်လည်းကောင်း၊ ကားစင်းလုံးဌားရမ်းခြင်းဖြင့်လည်းကောင်း၊ ကိုယ်ပိုင်ကားများဖြင့်လည်းကောင်း ထားဝယ်ခရိုင်အတွင်းရှိ ထင်ရှားကျော်ကြားသည့် နေရာများသို့ လာရောက်ကြသည်။ ထို့ကြောင့် ရှင်ကိုးရှင် သမိုင်းဝင်ဘုရားတွင် ဘုရားဖူးပြည်သူများနှင့် စည်ကားနေပြီး မောင်းမကန်ကမ်းခြေနှင့် ထားဝယ်တန်ဆောင်တိုင်ပွဲတော်တွင်လည်း လာရောက်လည်ပတ်ကြသူများနှင့် စည်ကားနေကြောင်း သိရသည်။
ဒေါ်မိုးမိုးခိုင် ကလိန်အောင်(ပြန် /ဆက်)


