ဖီဖာကလပ်   ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (ဃ) မှ ချယ်ဆီးနှင့် အယ်လ်အေအက်ဖ်စီအသင်းပွဲစဉ်ကို ဇွန် ၁၇ ရက် နံနက် ၁ နာရီခွဲက အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်  အတ္တလန္တာမြို့ရှိ  မာစီဒီးစ်ဘင့်ဇ်  အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ    ချယ်ဆီးအသင်းက အကြိတ်အနယ်ကစား ပြီး နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

အဆိုပါ ကွင်းသည် ပရိသတ် ၇၁၀၀၀ ဝင်ဆံ့မှုရှိသော်လည်း ကွင်းအတွင်း တရားဝင်လာရောက် ကြည့်ရှုသည့်  ပရိသတ်   ၂၂၁၃၇ ဦး သာရှိခဲ့ကြောင်း  သိရသည်။ အယ်လ်အေအက်ဖ်စီအသင်းသည် ချယ်ဆီးအသင်းကို ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှုများနှင့်အတူ  ဖိအားပေးကစားနိုင်ခဲ့သော် လည်း ပြိုင်ဘက်အသင်းခံစစ်နှင့် ဂိုးသမားတို့ကို  ကျော်ဖြတ်နိုင်စွမ်းမရှိသည့်အတွက် ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့ရသည်။

ချယ်ဆီးအသင်းအတွက် သွင်းဂိုးများကိုနီတိုနှင့် ဖာနန်ဒက်စ်တို့က သွင်းယူပေးခဲ့သည်။   ချယ်ဆီးနှင့်     အယ်လ်အေအက်ဖ်စီအသင်းတို့သည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (ဃ)တွင် တူနီးရှားကလပ် အီးအက်စ်တူးနစ်၊  ဘရာဇီးကလပ်  ဖလာမင်ဂိုအသင်းတို့နှင့်  တစ်အုပ်စုတည်း ကျရောက်လျက် ရှိသည်။

အခြားပွဲစဉ်ရလဒ်တွင်  ဖလာမင်ဂိုက   အီးအက်စ်တူးနစ်ကို   နှစ်ဂိုးပြတ်   အနိုင်ရရှိခဲ့ သည်။ ဇွန် ၁၇ ရက် နံနက် ၄ နာရီခွဲက အုပ်စု (ဂ) မှ  ဘိုကာဂျူနီယာနှင့်  ဘင်ဖီကာအသင်းတို့  ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ တစ်ဖက်နှစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ ပွဲစဉ်(၁) ကစားပြီးချိန်တွင် အုပ်စု(ဂ)ကို   နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်းက  ရမှတ်သုံးမှတ်ဖြင့် ဦးဆောင်ထားသည်။        

အောင်ဇော်