ကမာရွတ်     ၂၅   အောက်တိုဘာ 

         

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒု-မဲရုံမှူးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄နာရီခွဲထိ အ.ထ.က( ၂)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

mdn

 

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်စိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် တို့ကိုရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများမှ မဲရုံဖွင့်လှစ်ရန် ပြင်ဆင်ခြင်းနှင့် ကိုဗစ်- ၁၉ ဘေးကင်းလုံခြုံမှု၊မဲရုံမှူးများ ရယူထားရမည့်ပုံစံများနှင့် မဲရုံ သုံးပစ္စည်းများအကြောင်း ရှင်းလင်းခြင်း၊ မဲရုံအဖွဲ့ဝင်များ လုပ်ဆောင်ရမည့် ဆောင်ရန်/ ရှောင်ရန် အချက်များ၊ မသန်စွမ်းသူများ၊အကူအညီလိုအပ်နေသူမဲဆန္ဒရှင်များ၊ ဆန္ဒမဲပေးခြင်း အဆင့်ဆင့်တို့ နှင့် မဲရုံပိတ်ခြင်း၊ မဲရေတွက်ခြင်း၊ ပယ်မဲ၊ ခိုင်လုံမဲပေးခြင်းတို့ကိုလက်တွေ့သင်တန်းပို့ချခဲ့သည်။

 

ယခုဖွင့်လှစ်သော သင်တန်းကို ကမာရွတ်မြို့နယ်အတွင်း မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒု-မဲရုံမှူး (၉၄) ဦးတက်ရောက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့် အညီ ဖွင့်လှစ်လျက်ရှိပြီး ကမာရွတ်မြို့နယ်တွင် ရပ်ကွက် ၁၀ ရပ်ကွက်ရှိရာ မဲရုံပေါင်း (၃၇)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၆၄၈၀ဝ)ကျော်ခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

 

စိမ်းလဲ့(ပြန်/ဆက်)