ဝက်လက် ၂၈ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ဝက်လက်မြို့တွင် ယနေ့ နံနက် ၉ နာရီအချိန်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီ စာကုံးပြိုင်ပွဲ ကို လင်းလက်ကြယ်စင် စာကြည့်တိုက်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါ စာစီး စာကုံးပြိုင်ပွဲတွင် အထက်ဆင့်ကို ဆရာမပြနည်းမကျ ခေါင်းစဉ်ဖြင့််ကျောင်းသား /ကျောင်းသူ ၂၁ ဦး၊ အလယ်ဆင့်ကို ဆရာ့ကျေးဇူး ဆပ်ဖူးလား ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ ၁၅ ဦး စုစုပေါင်း ၃၆ ဦး ပါဝင်ယှဉ်ပြိုင် ရာ ပထမဆု၊ဒုတိယဆု၊တတိယဆု၊နှစ်သိမ့်ဆု ၁ နှင့် နှစ်သိမ့်ဆု ၂ ဆုများကို တာဝန်ရှိသူများက အသီးသီးချီမြှင့်ကြကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)


