၂၈ ဖေဖော်ဝါရီ

 

စပိန်နိုင်ငံ ဘာစီလိုနားတွင်  လေးရက်ကြာ ကျင်းပနေတဲ့ ကမ္ဘာ့မိုဘိုင်းဆွေးနွေးပွဲမှာ ဂတ်ဂျက်နဲ့ စက်ရုပ်တွေက လွမ်းမိုးထားတာကို တွေ့ရပါတယ်။ ကမ္ဘာတစ်ဝန်းက ထိပ်တန်း နည်းပညာ ကုမ္ပဏီပေါင်း ၂၄၀ဝ ကျော်က သူတို့ ကုမ္ပဏီထုတ် နောက်ဆုံးပေါ်ပစ္စည်းတွေနဲ့ သူတို့ရဲ့ တီထွင်ထားတဲ့ ပစ္စည်းအသစ်တွေကို လာရောက်ပြသ ကြနေပါတယ်။ 

 

ေ

 

စက်ရုပ်ဆိုရာမှာ အထူးသဖြင့် ကလေးသူငယ်တွေ ထိန်းပေးတဲ့ စက်ရုပ် နဲ့ အသက်အရွယ်ကြီးတဲ့ ပင်စင်စားရွယ် အဘိုးအဘွားတွေကို စောင့်ရှောက်တဲ့ စက်ရုပ်တွေဖြစ်ပါတယ်။ ဥပမာအားဖြင့် စက်ရုပ်တွေက အဘိုးအဘွားတွေကို ဆေးသောက်ချိန် သတိပေးနိုင်တာမျိုး၊ ကလေးတွေအတွက် စက်ရုပ်ကတော့ ပုံပြင်ဖတ်ပြတာမျိုးနဲ့ ကပြတာမျိုး၊ ဘာသာစကားသင်ပေးတာမျိုး လေးလုပ်ဆောင်ပေးပါတယ်။ 

 

ိ

 

တရုတ်နည်းပညာ ကုမ္ပဏီဖြစ်တဲ့ ဆိုင်အိုမီ ထုတ် မီ LED စမတ်မီးလုံး (Mi LED Smart Bulb) ကိုကလည်း လူကြိုက်များတာကို တွေရပါတယ်။ အဲဒီ မီးလုံးရဲ့အရောင်နဲ့ အလင်းအမှောင်ကို ဖုန်းအက်ပလီကေးရှင်းကနေ ချိန်လို့ရသလို အမေဇုံအသံ Alexa ကနေ ထိန်းချုပ်နိုင်ကြောင်းသိရပါတယ်။ အဲဒီမီးလုံးမှာ အရောင်ပေါင်း ၁၆ သန်း ပြောင်းနိုင်ကြောင်း သိရပါတယ်။ 

 

ိ

 

နောက်ထပ်ထူးခြားတဲ့ ပစ္စည်းတစ်ခုကတော့ နယ်သာလန်နိုင်ငံက ထရာဗစ် (Travis) ကုမ္ပဏီထုတ် နားကျပ်သေးလေးက ဘာသာစကားမတူသူနှစ်ဦး ပြောနေတဲ့အချိန်မှာဘဲ တောက်လျှောက် ဘာသာပြန်ပေးနိုင်ကြောင်း သိရပါတယ်။ အဲဒီဘာသာပြန်စက်လေးဟာ ဘာသာစကားပေါင်း ၁၅၀ ကို ချက်ချင်း ဘာသာပြန်ပေးတဲ့ ပစ္စည်းလေး ဖြစ်ပါတယ်။ 

 

ေ

 

ကမ္ဘာ့ မိုင်ဘိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က ၂၈ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရပါတယ်။   

 

MDN
ကိုးကား - AFP