၁၀ ဇွန်
ဂရင်းစလန်း အမျိုးသား တစ်ဦးချင်း ချန်ပီယံအဖြစ် အကြိမ်(၂၀) ဆွတ်ခူးထားတဲ့ ရော်ဂျာ ဖက်ဒါရာဟာ ဒူးခွဲစိတ်မှုကို ဒုတိယအကြိမ် ပြုလုပ်မှာဖြစ်တဲ့အတွက် ၂၀၂၁ ခုနှစ်မှ ပြန်လည်ကစားသွားမယ်လို့ ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း အလားတူ ခွဲစိတ်မှုမျိုးကို ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ် ရော်ဂျာဖက်ဒါရာက သူ့ကို အားပေးတဲ့ ပရိသတ်တွေကို တွစ်တာကနေ တစ်ဆင့် ၂၀၂၀ အတွင်းမှာ မကစားမယ့် အကြောင်းနဲ့ ၂၀၂၁ ခုနှစ် ပွဲစဉ်အစမှာ ပြန်လည်ကစားမှာဖြစ်ကြောင်း ရေးသားထားပါတယ်။
ဂရင်းစလန်း အမျိုးသား တစ်ဦးချင်း ချန်ပီယံအများဆုံးဆုရှင်အဖြစ် မှတ်တမ်းတင်ထားတဲ့ ဖက်ဒါရာ ဟာ တင်းနစ်လောကနေ အနားယူတော့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို အခုကြေညာချက်ကနေ အသစ်ပြန်လည် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းပြော နေပါတယ်။
ဖက်ဒါရာဟာ ၂၀ဝ၃ ခုနှစ်ကစပြီး အဓိကအရေးပါတဲ့ ဆုဖလားတွေကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ ဖက်ဒါရာရဲ့ ဂရင်းစလန်း ပြိုင်ဘက် ဆုရှင်တွေ ဖြစ်တဲ့ ရာဖဲနာဒဲ ( ၁၉ ကြိမ်) နဲ့ ဂျိုကိုဗစ် (၁၇ ကြိမ်)တို့ ဖြစ်ပါတယ်။
MDN
ကိုးကား - AFP
