ပြင်သစ်အိုးပင်း    အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ     နောက်ဆုံးဗိုလ်လုပွဲအဖြစ်    ကမ္ဘာ့အဆင့်  (၁)    လယ်လာရုစ်တင်းနစ်မယ် ဆာဘယ်လင်ကာနှင့်  ကမ္ဘာ့အဆင့်(၂) အမေရိကန်တင်းနစ်မယ် ကိုကိုဂါ့ဖ်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ  ကိုကိုဂါ့ဖ်က  အနိုင်ရရှိကာ ပထမဆုံးအကြိမ်  ပြင်သစ်အိုးပင်း ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

ကိုကိုဂါ့ဖ်သည်   ဆာဘယ်လင်ကာကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရပြီး ၆-၇ (၅-၇)၊
၆-၂ ၊ ၆-၄ ရလဒ်ဖြင့်  နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးကိုင်မြောက်အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။   ၎င်းသည် ၂၀၁၅   ခုနှစ်က  ဆီရီနာဝီလျံပြီးနောက်   ပြင်သစ်အိုးပင်းပြိုင်ပွဲတွင်    ဖလားဆွတ်ခူး နိုင်သည့် ပထမဆုံး  အမေရိကန်တင်းနစ်မယ်အဖြစ်   မှတ်တမ်းဝင်ခဲ့သည်။

ကိုကိုဂါ့ဖ်သည် ပြင်သစ်အိုးပင်းပြိုင်ပွဲတစ်လျှောက်တွင်  နာမည်ကြီး တင်းနစ်မယ်များဖြစ်သည့် ဗယ်လန်တိုဗာ ၊ ဘော့ဇ်ကိုဗာ၊ အဲလက်ဇန်ဒရိုဗာ၊ ကီးစ်၊ ဘော့ဆင်တို့ကို    အဆင့်ဆင့်အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့သည်။ ထို့ပြင် ဗိုလ်လုပွဲတွင်လည်း နာမည်ကြီး တင်းနစ်မယ်  ဆာဘယ်လင်ကာကို ထပ်မံအနိုင်ယူကျော်ဖြတ်ကာ ပြင်သစ်အိုးပင်းဖလားကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဆီမီးဖိုင်နယ်တွင်    လက်ရှိချန်ပီယံ    နာမည်ကြီး   ပိုလန် တင်းနစ်မယ်  ဆွီယာတက်ခ်ကို     အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သော ဆာဘယ်လင်ကာသည်  ဗိုလ်လုပွဲတွင် ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့သည့် အတွက် ဖလားဆွတ်ခူးခွင့် လွဲချော်ခဲ့သည်။         

အောင်ဇော်