ရန်ကုန် ၃၀ နို၀င်ဘာ
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ musashino Forest Sports Plaza တွင် နို၀င်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် ကမ္ဘာ့အဆင့် သက်ငယ်တန်း ကရာတေးချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု လူငယ်ကရာတေး ကစားသမား၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်နှစ်ခု၊ ငွေတစ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
"ရွေဆု ရသွားတဲ့ ကလေးတွေ အားလုံးက ကချင်ပြည်နယ်ကပါ။ ဒီပြုင်ပွဲမှာ ကမ္ဘာ့အဆင့်မီလို့ ၂၀၂၀ ဧပြီမှာ ဂျပန်နိုင်ငံကျင်းပမယ့် ကမ္ဘာ့ကရာတေးဖိတ်ခေါ်တဲ့ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာပါ" ဟု International Karate Organization (IKO) မြန်မာပြည်တာ၀န်ခံ ဦးမင်းလွင်က နို၀င်ဘာ ၃၀ ရက် နံနက် ၁၁ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အားကစားသမားများ ကြိုဆိုပွဲတွင် ပြောသည်။
World Elite Youths Tournament ပြိုင်ပွဲတွင် အသက် (၇) နှစ်တန်းတွင် မဂျီဆန့်မိုင်နူးက ချန်ပီယံဆု ရွှေတစ်ခု၊ အသက်(၈) နှစ်တန်းတွင် မောင်မရန်ဂျာလက ချန်ပီယံ ရွှေတစ်ခု၊ မောင်ဆိုင်းလတ်အောင်က ငွေဆု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း ၄၀ ကျော်မှ အားကစားသမား ၁၈၀၀ ကျော်ပါ၀င်ပြီး ပြိုင်ပွဲ၀င်အတန်း ၁၉ တန်း ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံအာကာစိုး