ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် မြန်မာနိုင်ငံပြည်ပတွင် အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်ခတ်

 မေ ၂၂ ရက်

ယနေ့ နံနက် ၇ နာရီ၊  ၉ မိနစ်၊ ၃၆ စက္ကန့် တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂၉၈) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) မြောက်လတ္တီတွဒ် (၁၃.၉၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၂.၈၅) ဒီဂရီ၊ အနက် (၁၀၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၆) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ  သိရသည်။

MDN