နေပြည်တော်၊ ဖေဖော်ဝါရီ ၅

 ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်၊ မြန်မာစံတော်ချိန် (၀၅) နာရီ၊ (၁၃) မိနစ်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၃၈၀) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)၊ မြောက်လတ္တီတွဒ် (၁၂ ဒသမ ၁၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃ ဒသမ ၂၁) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာခန့်ကို ဗဟိုပြု၍ ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

အဆိုပါ ငလျင်သည်အင်အား ရစ်(ခ်)တာ စကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

MDN