နေပြည်တော် ၁၈ ဧပြီ

 

ဧပြီ (၁၈)ရက် မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၃၁)မိနစ်၊ (ဝ၆)စက္ကန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၁၇၂၆)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ(Taiwan)တွင် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

အဆိုပါမြေငလျင်သည် မြောက်လတ္တီတွဒ် (၂၄.၁၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၂၁.၆၈) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၂)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခုဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN