၁၁ မတ်
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ၊အိန္ဒိယနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို သီတင်းခြောက်ပတ်နီးပါး အချိန်ယူပြီး ကျင်းပမယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေက ကြေငြာခဲ့ပါတယ်။ ရွေးကောက်ပွဲကာလဟာ ဧပြီး ၁၁ ရက်နေ့ကနေ မေ ၁၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူဦးရေ သန်း ၉၀ဝ ကျော် ရှိတယ်လို့ သိရပါတယ်။ မဲအရေအတွက် ကို မေလ ၂၃ ရက်နေ့မှာ ကြေငြာမယ်လို့ သတ်မှတ်ထားပါတယ်။
အဲဒီရွေးကောက်ပွဲကနေ အောက်လွတ်တော်အတွက် ပါလီမန်အမတ် ၅၄၃ ဦးကိုရွေးချယ်ရမှာဖြစ်ပြီး ပါတီတစ်ခု သို့မဟုတ် မဟာမိတ်ပါတီတွေ ဟာ အနည်းဆုံး အမတ်ဦးရေ ၂၇၂ ဦး ရရှိမှသာ အစိုးအဖွဲ့ ဖွဲ့နိုင်မှာဖြစ်ပါတယ်။ အဲဒီအောက်လွှတ်တော်ဟာ မြို့တော် နယူးဒေလီကနေ လူပေါင်း ၁.၂၅ ဘီလီယမ်ကို အုပ်ချုပ်သွား ရမှာ ဖြစ်ပါတယ်။
ယဉ်ကျေးမှုနဲ့ ဒေသန္တရအရ မတူညီမှုတွေရှိတဲ့ အိန္ဒိယနိုင်မှာ ရာချီတဲ့ နိုင်ငံရေးပါတီတွေ ရှိနေပါတယ်။ အဲဒီပါတီတွေထဲမှာ ပြိုင်ဘက်ပါတီကြီး နှစ်ခုဖြစ်တဲ့ လက်ရှိဝန်ကြီးချုပ် မိုဒီရဲ့ BJP ပါတီနဲ့ ဂန္ဓီရဲ့ လက်ဝဲယိမ်း ကွန်ကရက် ပါတီတို့ဟာ အဓိက ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
မိုဒီရဲ့ လက်ယာပါတီဟာ ၂၀၁၄ ခုနစ် အထွေထွေ ရွေးကောက်မှာ အနိုင်ရှိခဲ့ပြီး အသက် ၆၈ နှစ်အတွက် မိုဒီဟာ လူကြိုက်များ နေဆဲဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်က ပါတီပေါင်း ၄၆၄ ပါတီကနေ ကိုယ်စားလှယ်လောင်းပေါင်း ၈၂၅၀ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာကို တွေ့ရပါတယ်။
MDN
ကိုးကား - AFP