ကမ္ဘာ့အကြီးဆုံး မက္ကဆီကို ရေအောက်ဥမင်ထဲမှ ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်းများ ရှာဖွေတွေ့ရှိ

၂၀  ဖေဖော်ဝါရီ 

 

ရှေးဟောင်းသုတေသနပညာရှင်တွေဟာ မက္ကဆီကိုရှိ ကမ္ဘာ့အကြီးဆုံးရေအောက် ဥမင်ထဲကနေ မျောက်မောင်းမရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများ အပါအဝင် အနုစိတ်ဖန် တီးပုံဖော်ထားတဲ့ မာယာနတ်ဘုရားတစ်ပါးရဲ့ ဗိမာန်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က အေအက်ဖ်ပီ သတင်းမှာ ရေးသားထုတ် ဖော်လိုက် ပါတယ်။ 

 

ပြီးခဲ့တဲ့လက မက္ကဆီကို ယူကာတန်ကျွန်းဆွယ်နားက ရေအောက်ဥမင်ထဲမှာ    ကြီးမားတဲ့ ကွန်ရက်နှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပြီး Sac Actun နဲ့  Dos Ojos လို့ အမည်ပေးထားတဲ့ အဲဒီ ကွန်ရက်နှစ်ခုဟာ ကြီးမားတဲ့ ကမ္ဘာ့ဖွဲ့စည်းပုံတစ်ခု အဖြစ် ချိတ်ဆက်နေတာကိုလည်းတွေ့ရပါတယ်။ မက္ကဆီကို မနုဿဗေဒနှင့် သမိုင်းဆိုင် ရာအဖွဲ့ (INAH)က ထောက်ပံ့ပေးထားတဲ့ ရှေးဟောင်းသုတေသနသမားများဟာ ဥမင်အတွင်းကို ရေငုပ်ပြီး ရှေးနှစ်ထောင်စုကျော်က ရှေးဟောင်းဗိမာန် တွေကိုရှာ ဖွေနေခဲ့တာဖြစ်ပါတယ်။ သုတေသနပညာရှင်တွေအဆိုအရ ဥမင်ထဲက ရေမျက် နှာပြင်ဟာ အမြဲတမ်းပြောင်းလဲနေကြောင်းနဲ့ တစ်ခါတစ်ရံမှာ ဘေးသင့် နိုင်တဲ့အထိ အန္တရာယ်များကြောင်း သိရပါတယ်။ 

 

အချို့တိရစ္ဆာန်တွေနဲ့ လူသားတွေဟာ အဲဒီဥမင်ထဲမှာ စွန့်ပစ်သေဆုံးခဲ့ကြပြီး ယနေ့ ချိန်မှာတော့ ၎င်းတို့ရဲ့ အကြွင်းအကျန်တွေဟာ သိပ္ပံပညာရှင်တွေအတွက် လေ့လာ စရာ အဖိုးတန်အရင်းအမြစ်အပိုင်းအစတွေအဖြစ် ကျန်ရှိ  တည်ရှိနေခဲ့ တာဖြစ်ပြီး အဲဒီအပိုင်းအစ ရုပ်ကြွင်းတွေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃ သန်းကနေ နှစ်ပေါင်း နှစ်သောင်း ကျော်အထိ သက်တမ်းရှိပါတယ်။  

 

သတင်းစာရှင်းလင်းပွဲမှာ ရှေးဟောင်းသုတေသနပညာရှင်တွေ ပြောကြားချက်အရ ဥမင်ထဲကနေ မွှေးရှည်ဆင်တွေလို မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်တဲ့ မျောက် မောင်းမနဲ့ ဝက်ဝံတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို တွေ့ခဲ့ရကြောင်း သိရပါတယ်။

 

ဒါ့အပြင် ဥမင်ထဲမှာ လူ့အသုံးအဆောင် ပစ္စည်းတွေ၊ ကြွေထည်တွေ၊ နံရံဆေးရေး ပန်းချီတွေနဲ့ မီးရှို့ထားတယ်လို့ ယူဆရတဲ့ လူရိုးတွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

 

“ အဲဒီအထဲက သွင်ပြင်လက္ခဏာတွေက အပြင်လောကနဲ့ လုံးဝကို မတူပါဘူး။ အထဲမှာ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ရှေးဟောင်းယဉ်ကျေးမှု အရိပ်အငွေ့ တွေကို တွေ့ရပါတယ်။ လူနေမှုအဆင့်အတန်းကလည်း အလွန်အထင်ကြီးစရာ ကောင်းပါတယ်” လို့ ရေအောက်သုတေသနမှာ ပါဝင်သူ ဂီလာမိုဒီအန်ဒါက ပြောကြားခဲ့ပါတယ်။

 

စစ်နတ်ဘုရားတစ်ပါးအဖြစ်သိထားတဲ့ မာယာနတ်ဘုရားရဲ့ ဗိမာန်ကိုလည်း တွေ့ခဲ့ ကြောင်းနဲ့ ၎င်းဗိမာန်ဟာ တွင်းပေါက်တွေကို ဖြတ်ပြီး ဂူအတွင်းပိုင်းထိ လှေခါး ထစ်တွေနဲ့ ဆက်နွယ်ထားတယ်လို့ သိရပါတယ်။ 

 

အချင်းချင်း ဆက်နွယ်နေတဲ့ အခြား တွင်းပေါက်များစွာကိုလည်း ဥမင်အတွင်း မှာတွေ့ရပြီး ဒါတွေဟာ ထိုခေတ်ကာလက အသေးစိတ်ဖန်တီးထားတဲ့ သွင်ပြင်လ က္ခဏာရပ်တွေဖြစ်ကြောင်း ရှေးဟောင်းသုတေသန ပညာရှင်တွေအဆိုအရ သိရပါ တယ်။ ရှေးဟောင်း မာယာလူမျိုးတွေဟာ ရေအောက်ကို ရောက်သွားတဲ့ ဒီဥမင်ကို သန့်ရှင်းသောအရပ်အဖြစ် အထွတ်အမြတ်ထားခဲ့ကြောင်း သိရပါတယ်။ 

 

 

MDN 
ကိုးကား - အေအက်ဖ်ပီ