ရန်ကုန် ၃၀ ဇူလိုင်
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ဂုဏ်ပြုသောအားဖြင့် ရိုက်ကူးခဲ့သည့် ဗီဒီယိုခွေနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံး(ရန်ကုန်ရုံးခွဲ) ဧည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင်စာရေးဆရာ ဦးကျော်ကျော်လှိုင် (SMART)က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ဂုဏ်ပြုသောအားဖြင့် ရိုက်ကူးခဲ့သည့် ဗီဒီယိုခွေနှင့်အလှူငွေကျပ် (၂၅)သိန်းကို ပေးအပ်လှူဒါန်ရာ သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
သတင်းစဉ်


