ဒီဇင်ဘာ ၁၂
နမီးဘီးယားရဲ့အကြီးဆုံး အားကစားပွဲစဉ်တစ်ခုအဖြစ် ဒေသတွင်းနဲ့နိုင်ငံတကာ စက်ဘီးစီးပြိုင်ပွဲကို နမီးဘီးယားနိုင်ငံ မြို့တော် Windhoek မှသည် ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်တဲ့ Swakopmund ထိ ဒီဇင်ဘာ ၁၀ ရက်က စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့ပါတယ်။
စက်ဘီးစီးသမားရာပေါင်းများစွာနဲ့ သူတို့ရဲ့အထောက်အကူပြုအဖွဲ့တွေ၊ မိသားစုတွေနဲ့ စက်ဘီးစီး အားကစားချစ်သူတွေဟာ ဒီဇင်ဘာ ၁၀ ရက်က ၁၁ ရက်အတွင်းမှာ Swakopmund မှာ တွေ့ဆုံခဲ့ကြပါတယ်။ သူတို့ရဲ့ သုံးစွဲနိုင်မှုအားပေါ်မူတည်ပြီး ကမ်းရိုးတန်းမြို့ရဲ့ စီးပွားရေးလည်း တိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီဒေသရဲ့စီးပွားရေးဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် နိုင်ငံခြားသားအဝင်ကျဆင်းခဲ့ပြီး စီးပွားရေးလည်း အင်အားချည့်နဲ့ခဲ့ပါတယ်။
ကမ်းခြေဒေသရဲ့ ခရီးသွားကဏ္ဌ ဖွံ့ဖြိုးတိုးတက်ရေးမှာ ခရီးသွားတွေကို လိုအပ်နေချိန်မှာ တိုက်ဆိုင်စွာနဲ့ပဲ အခုလို အားကစားပွဲကျင်းပခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဟာ နမီဘီးယားရဲ့ စီးပွားရေးနဲ့ ခရီးသွားကဏ္ဌကြီးထွားဖွံ့ဖြိုးမှုကို နှေးကွေးစေခဲ့ပါတယ်။ အားကစားပြိုင်ပွဲ ကျင်းပခွင့်ရခဲ့တဲ့အတွက် ဒါဟာ ပြည်တွင်းခရီးသွားကဏ္ဌကို ပြန်လည်အသက်ဝင်စေမယ့် အရေးကြီးအခန်းက ပါဝင်နေအုံးမှာဖြစ်ပါတယ်။
ပြည်သူ့ဆက်ဆံရေးအရာရှိတစ်ဦးဖြစ်သူ Kaulinge က နမီးဘီးယားဟာ ဒီနှစ်မှာတော့ ပြည်တွင်းကော နိုင်ငံတကာ စက်ဘီးစီးအားကစားသမားတွေကို စွဲဆောင်ရာနေရာတစ်ခု ဖြစ်လာပါတယ်။
ဒီပွဲဟာ ကမ္ဘာ့အရှည်ဆုံးတစ်ဦးချင်း တောင်တက်စက်ဘီးစီးပြိုင်ပွဲ တစ်ပွဲဖြစ်ပါတယ်။ ကီလိုမီတာ ၃၆၃ ရှည်လျားပါတယ်။
စက်ဘီးစီး အားကစားသမားတွေအကုန် ကိုဗစ်-၁၉ ကင်းစင်ကြောင်း စစ်ဆေးထားသည့်စစ်ဆေးမှုကို တင်ပြရန်လိုအပ်ကြောင်းလည်း သိရပါတယ်။
လင်းခေတ်ဆန်