ဂန့်ဂေါ ၁၅ မတ်
ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ဂန့်ဂေါမြို့၊ မြို့မစျေးတွင် စားသုံးသူရေးရာဦးစီးဌာန ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒေါ်စိုးယုဆွေဦးဆောင်၍ ယနေ့နံနက်က လက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။

အဆိုပါ လက်ကမ်းစာစောင် ဖြန့်ဝေရာတွင် ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းများ၊ ဂန့်ဂေါမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စန်းယုမော်၊ စျေးခေါင်းဦးဝင်းနိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအဖွဲ့နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဝန်ထမ်းများ ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် အသိပညာပေးခြင်းများအပြင် ကုန်ညွှန်းအမှတ်အသားများကိုပါ ဖော်ပြထားကြောင်း သိရသည်။
ထင်အောင်နိုင်(ပြန်/ဆက်)