ချောက် မတ် ၁၂

 

မတ် ၁၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေး လှုပ်ရှားဆောင်ရွက်မှုများကို ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီက အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ အသိပညာပေး (Talk Show) များ ဆောင်ရွက်သည်။

 

အဆိုပါ အသိပညာပေးလှုပ်ရှား ဆောင်ရွက်မှုများ ဆောင်ရွက်ရာတွင် မတ် ၁၁ ရက်မှစ၍ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုသောအားဖြင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်း အသိပညာပေး ဟောပြောခြင်း၊ စားသုံးသူအသိ ပညာပေး လက်ကမ်းစာစောင်များကို လူစည်ကားသည့်နေရာများတွင် ဖြန့်ဝေပေးခြင်းနှင့် မြို့မစျေးရှိ ကုန်စုံဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း၊ အသိပညာပေး (Talk Show) ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြည်သူများစားသုံးသူအခွင့်အရေးများ သိရှိစေရန်နှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြတ်မြတ်မိုး