ညောင်ဦး ၁၂  သြဂုတ် 


ကမ္ဘာ့ဆင်များနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာ အနီးတွင် ဖွင့်လှစ်ထားသော ပလင်းကမ်းသာယာ ဆင်စခန်းဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ ကမ္ဘာ့ဆင်များနေ့ အခမ်းအနားတွင် လာရောက်လေ့လာ လည်ပတ်သည့် ခရီးသွားဧည်သည်များ၊ ဘုရားဖူးဧည့်သည်များအား အခမဲ့ဝင်ခွင့်ပေးခြင်း၊ ဆင်များအား အခမဲ့ ဆင်စာကျွေးစေခြင်းနှင့် ပုလင်းကျေးရွာမှ ကျောင်းသား ကျောင်းသူများအား ဖိတ်ကြားကာ ဆင်များအား ချစ်ခင်မြတ်နိုး တန်ဖိုးထားစိတ် ဖြစ်လာစေရန်နှင့် ဆင်များနှင့် ပတ်သတ်သည့် ဗဟုသုတ အချက်အလက်များကို ဦးမျိုးမင်းဦး (လက်ထောက်မန်နေဂျာ)က ရှင်းပြသည်။


ထို့နောက် လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်ဌေးမှ ကမ္ဘာ့ပေါ်ရှိ ဆင်များအား ကာကွယ်ထိန်းသိမ်းကြရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် သြဂုတ် ၁၂ ရက်မှ စတင်ကာ ကနေဒါနိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူ Patricia Sims နှင့် ထိုင်းနိုင်ငံအခြေစိုက် Elephant Reintroduction Foundation မှ အထွေထွေ အတွင်းရေးမှူး Sivaporn Dardarananda တို့မှ စတင်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် ကမ္ဘာ့ဆင်များနေ့အား ကူညီပံ့ပိုးပေးနေတဲ့ (Wild life Organizations) နိုင်ငံပေါင်း (၇၀)နီးပါး ရှိနေပြီဖြစ်ကြောင်း ပြောကြားသည်။


မောင်မောင်ထိန်(ကျောက်ပန်းတောင်း)