ကျွန်းလှ    ၅   အောက်တိုဘာ   

             

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ပထမအကြိမ်မြောက် အသက်(၆၀)နှစ်ပြည့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို အောက်တိုဘာ(၅)ရက်နေ့ နံနက်၈နာရီက ကျွန်းလှမြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပကြောင်း သိရသည်။

 

အခမ်းအနားကို အထက ကျွန်းလှကျောင်းသား၊ ကျောင်းသူများက အနန္တငါးဖြာ သီချင်းဖြင့်ပူဇော် သီဆိုဖွင့်လှစ်သည်။

 

ထို့နောက် အပူဇော်ခံအငြိမ်းစားဆရာကြီး၊ ဆရာမကြီမ်းများအား သြကာသကန်တော့ချိုးဖြင့် ကန်တော့ကြပြီးဆရာကြီး၊ ဆရာမကြီးများက သြဝါဒဆုပေးစကား ပြောကြားကြသည်။ ယင်းနောက်ဆရာကြီး၊ ဆရာမကြီး(၁၀ဝ)ဦးတို့အား ကန်တော့ပစ္စည်းများ ပေးအပ်ကြကြောင်း သိရသည်။

 

အဆိုပါ ပူဇော်ကန်တော့ပွဲသို့ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းအုပ်ကြီးများ၊ တပြည့်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

 

မျိုးဝင်းညို  ( ကျွန်းလှ)