ကမ္ဘာ့စတုတ္ထမြောက် ဝင်ငွေအကောင်းဆုံးတေးသံရှင် BTS

mdn

 

ဇူလိုင် ၂၂

 

တောင်ကိုရီးယားရဲ့ ကမ္ဘာကျော်အမျိုးသားတေးဂီတ အဖွဲ့ BTS ဟာ ဘေဘုတ်က ထုတ်ပြန်ခဲ့တဲ့ စာရင်း တွေအရ နိုင်ငံတကာ တေးသံရှင်တွေအနက် စတုတ္ထ မြောက် ဝင်ငွေအကောင်းဆုံး ရရှိခဲ့တဲ့ တေးဂီတအဖွဲ့ ဖြစ်ကြောင်း အားကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။

 

လတ်တလောမှာ ဘေဘုတ်ရဲ့ ၂၀၂၀ ပြည့်နှစ် အတွင်း ဝင်ငွေအကောင်းဆုံး နိုင်ငံတကာတေးသံရှင်တွေစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ဝင်ငွေ အကောင်းဆုံး အဆင့် ၅ အထိ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာ ကေပေါ့ပ်တေးဂီတအဖွဲ့ BTS လည်း ပါဝင် နေပြီး သူဟာ နံပါတ်လေးနေရာမှာ ရပ်တည်နေတာ တွေ့ရပါတယ်။

 

အဆိုပါ စာရင်းရဲ့ နံပါတ်တစ်နေရာမှာ ရော့ခ် တေးဂီတအဖွဲ့ Queen က ရပ်တည်နေပြီး ဒုတိယ နေရာကိုတော့ အမေရိကန်တေးသံရှင် တေလာဆွစ် က ရယူထားတာ တွေ့ရပါတယ်။ တတိယနေရာမှာ ဘီလီအဲလစ်ရှ်နဲ့ နံပါတ်ငါးနေရာမှာတော့ ပို့စ်မယ်လွန်တို့ အသီးသီးရပ်တည်နေတာကို တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း BTS အနေနဲ့ ဘေဘုတ်မှာ ရရှိခဲ့တဲ့ ဝင်ငွေစာရင်းကိုလည်း တစ်ပါ တည်း ထုတ်ပြန်ပေးခဲ့ရာမှာ အဆိုပါတေးဂီတ အဖွဲ့ အနေနဲ့ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၅ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ။

 

BTS ရဲ့ ယခုလို အောင်မြင်ခဲ့မှုနဲ့ပတ်သက်ပြီး ပရိသတ်တွေကလည်း ချီးကျူးဂုဏ်ပြုစကားတွေကို လူမှုကွန်ရက်မီဒီယာတွေ ပေါ်ကနေတစ်ဆင့် ရေးသားဖော်ပြခဲ့ကြတာကိုလည်း တွေ့ရပါ တယ်။

 

အေးပြည့်