၂၈ နိုဝင်ဘာ

 

နိုင်ငံပေါင်း ၁၈ နိုင်ငံ၌ အောင်မြင်စွာကျင်းပနေသည့် International Festival Brand တစ်ခုဖြစ်သော Don’t Let Daddy Know Myanmar ဂီတပွဲတော်ကြီးကို World Top 2 Dj သမားများဖြစ်ကြသည့် Dimitri Vegas & Like Mike  မှ ယခုလ၃၀ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ်ရှိ The One Entertainment Park တွင် ညနေ ၆ နာရီမှစတင်ကာ တီးခတ်ဖျော်ဖြေသွားမည်ဟု သိရသည်။

 

“ကမ္ဘာ့နံပါတ် (၂)  DJDVLM ကို နောက်ထပ်မြန်မာပြည်မှာ ပြန်တွေ့ရ ဖို့ဆိုတာ မလွယ်ပါဘူး။ Porting အနေနဲ့ Top 37 ရရှိထားတဲ့ Blasterjaxx နဲ့ Top 66 ရရှိထားတဲ့ Mike Willians နဲ့ DLDK&JU Resident DJ ဖြစ်တဲ့ Samvox အပြင် Olly James နဲ့ DJ Yaksa တို့ ပါဝင်လာတယ်ဆိုတော့ Lineup အနေအထားအရ တကယ်ကို ပြည့်စုံပြီလို့ ပြောလို့ရပါတယ်။ ဒီပွဲကို နယ်သာလန် အခြေစိုက် E&A Event နဲ့ Brave Entertainment တို့ ပူးပေါင်းတင်ဆက်တာဖြစ်တဲ့အတွက် Production နဲ့ Stage Design တွေက International Standard အနေနဲ့ မြင်တွေ့ရမှာပါ၊ ပြီးတော့ Dimitri Vegas & Like Mike ရဲ့ Crowd Control တွေနဲ့အတူ သာမန်ထက်ထူးခြားတဲ့ ခံစားမှုကို ခံစားရမှာ ဖြစ်ပါတယ်။ သူတို့လုပ်နေကျ Crowd Control ပဲ လုပ်မလား နောက်ထပ် အသစ်တွေ ဖန်တီးသွားမလားဆိုတာက ပွဲကိုလာကြည့်မှသိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် DLDK လုံးဝလက်လွှတ်မခံဘဲ လာရောက်ခဲ့ကြဖို့ ဖိတ်ခေါ် လိုက်ပါတယ်” ဟု E&A Event နှင့် Brave တို့မှ တာဝန်ရှိသူ ဦးစိုးမိုးက ပြောသည်။ 

 

ကိုလင်း