လူအန်ဒါ အောက်တိုဘာ ၂၅

 

ရှားပါး ၁၇၀ ကာရက်ရှိသော လူလိုနှင်းဆီ (Lulo Rose) အပါအဝင် ထူးခြားသည့် စိန်ခုနစ်လုံးကို အန်ဂိုလာနိုင်ငံ  မြို့တော် လူအန်ဒါ၌ နိုဝင်ဘာ ၁၅ ရက်တွင် နိုင်ငံတကာ တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း  လူကာပါ စိန်ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် အောက်တိုဘာ ၂၄ ရက်က ဖော်ပြထားသည်။

 

တင်ဒါခေါ်ယူခြင်းကို အန်ဂိုလာနိုင်ငံပိုင် စိန်ရောင်းဝယ်ရေးကုမ္ပဏီဖြစ်သော ဆိုဒီယမ်မှ ဆောင်ရွက်သွားမည်ဖြစ်သည်။ တင်ဒါတွင် ဆိုဆီ ယက်ဒေ့မင်နဲယား ဒိုလူလိုမှ ၂၀၂၂ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော စိန်ခုနစ်လုံးပါရှိမည်ဖြစ်ပြီး ၎င်းတို့အနက် စိန်လေးလုံးမှာ အလေးချိန် ၁၀၀ ကာရက်ကျော်ရှိကြောင်း သိရသည်။

 

၁၇၀  ကာရက်ရှိ  ပန်းရောင်စိန်တုံးကြီးသည် အန်ဂိုလာနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၃၀၀ အတွင်း တွေ့ရှိခဲ့သည့်  အကြီးမားဆုံး ပန်းရောင်စိန်တုံးကြီးဖြစ်သည်။

 

ဆင်ဟွာ