မောင်နေ(အရာထမ်း)

ကမ္ဘာ့ခရီးသွားနေ့

များမကြာမီကာလတွင် ၂၀၁၉ ခုနှစ်အတွက် က္ဘာ့ခရီးသွားလုပ်ငန်းနေ့ ကျရောက်တော့မည်ဖြစ်သည်။ စက်တင်ဘာလ ၂၇ရက်နေ့တွင်ကျရောက်မည့် က္ဘာ့ခရီး သွားလုပ်ငန်းနေ့ အခမ်းအနားကို အိန ́ိယနိုင်ငံ နယူး ဒေလီမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ က္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို နှစ်စဉ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပလေ့ရှိပြီး နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း ခရီးသွားလုပ်ငန်း၏ အရေးပါပုံနှင့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုတန်ဖိုးများနှင့်ပတ်သက်သည့်အသိတရားများ ပိုမြွိုကယ်ဝလာစေရန် ရည်ရွယ်ပါသည်။ ၁၉၇၉ ခုနှစ်တွင် စပိန်နိုင်ငံ၌ပြုလုပ်ခဲ့သည့် က္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အထွေထွေညီလာခံမှစတင်၍ က္ဘာ့ခရီးသွားလုပ်ငန်းအခမ်းအနား ကျင်းပရန်ဆုံးဖြတ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် စတင်ကျင်းပ ခဲ့ပါသည်။ က္ဘာ့ခရီးသွားလုပ်ငန်းနေ့ ကျင်းပရေး ဆိုင်ရာ သ တ်မှတ်ခေါင်းစဉ်ကို က္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ အထွေထွေညီလာခံတွင် အမှုဆောင်ကောင်စီ၏ ထောက်ခံမှုဖြင့် ဆုံးဖြတ်လေ့ရှိပါသည်။

ယခုနှစ်တွင်ကျင်းပမည့် ကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့အတွက် သတ်မှတ်ခေါင်းစဉ်အနေဖြင့် “Tourism and Jobs: A better for all”  “အားလုံးအနာဂတ်ကောင်းမွန်ရေး၊ ခရီးသွားလုပ်ငန်းအလုပ်အကိုင်ဖော်ဆောင်ပေး”အဖြစ် သတ်မှတ်ထားရှိပြီး ခရီးသွား ကဏ္ဍ၏ စွမ်းဆောင်ရည်တစ်ရပ်ဖြစ်သည့် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အရေးများ ဖန်တီးပေးနိုင်ရေး ကို အသားပေးဦးတည်ထားခြင်း ဖြစ်ပါသည်။ အလုပ်အကိုင်ကောင်းများ ဖန်တီးပေးခြင်းမှသည် ကမ္ဘာ့တစ်ဝန်းလူသန်းပေါင်းများစွာအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ဘဝကို ကူညီဖော်ဆောင်ပေးနိုင်ရန်ရည်ရွယ်ထားပြီး ခရီးသွားလုပ်ငန်းသည် အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၏ အဓိကအခန်းကဏ္ဍကို ပေါ်လွင်စေရန်ဖြစ်ပါသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့တွင် အလုပ်အကိုင်ဈေးကွက်နှင့် နည်းပညာကဏ္ဍတို့၌ ဖြစ်နိုင်ခြေရှိသော အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကိုလည်း ဖော်ထုတ်သွားမည် ဖြစ်ပါသည်။

 

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ သည်လည်း အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅၈ နိုင်ငံ၊ တွဲဖက်အဖွဲ့ဝင် ခြောက်ဖွဲ့၊ ပူးပေါင်း ဆောင်ရွက်သော မိတ်ဖက်အဖွဲ့အစည်း ၅၀ဝ ကျော်နှင့်ပုဂ္ဂလိကကဏ္ဍ၊ ပညာရေးနှင့် ခရီးသွားကဏ္ဍမှ စိတ်ပါဝင်စားသည့်အဖွဲ့ဝင်များ ပါဝင်ဖွဲ့စည်းထားသည့်အပြည်ပြည်ဆိုင်ရာ အ ဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။ က္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့သည် တာဝန်သိခရီးသွား လုပ်ငန်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း နှင့် အဆင်ပြေချောမွေ့မှုရှိသော ခရီးသွားလုပ်ငန်းဖြစ်ပေါ်တိုးတက်စေရေးအတွက် အဓိကအားဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များကို ဦးဆောင်ဦးရွက်ပြုရသည့်အဓိပတိအဖွဲ့ဖြစ်သည့်အားလျော်စွာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ ဘက်စုံလွှမ်းခြုံသည့် ဖွံ့ဖြိုးတိုးတက်မှုနှင့်သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကိုမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများ၊ ခေတ်ပေါ်နည်းပညာနှင့် ဗဟုသုတများကိုဦးဆောင်ဦးရွက်ပြု ပံ့ပိုးပေးလျက်ရှိပါသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့အနေဖြင့် ကမ္ဘာလုံး ဆိုင်ရာခရီးသွားလုပ်ငန်းကျင့်ဝတ်များနှင့် ရေရှည်ဖွံ့ဖြိုးတိုး တက်မှု ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် လူမှုစီးပွား အကျိုးဖြစ်ထွန်းရေးအပြင်ဖြစ်နိုင်ခြေရှိသည့် ဆိုးကျိုးသက်ရောက်မှုများ လျှော့ချခြင်း၊ ဆင်းရဲမွဲတေမှု လျှော့ချခြင်းနှင့် က္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ခရီးသွားလုပ်ငန်းဖြင့် အကျိုးပြုရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၀ဝ ကျော်တွင်လည်း ခရီးသွားလုပ်ငန်းဆိုင်ရာ နည်းပညာအထောက်အကူပြု စီမံကိန်းများနှင့် ပညာရေးအစီအစဉ်များ၊ သင်တန်းများ ပို့ချခြင်းဖြင့် ခရီးသွားလုပ်ငန်း ယှဉ်ပြိုင်နိုင်မှုအခြေအနေ၊ ဈေးကွက်ဆိုင်ရာအသိပညာများ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းမူဝါဒများကို ပိုမိုကောင်းမွန်စေပြီး အကျိုးသက်ရောက်မှုကောင်းသည့် ခရီးသွားဖွံ့ဖြိုး တိုးတက်မှု ဖြစ်တည်စေခဲ့ပါသည်။

 

ကမ္ဘာ့ခရီးသွားလုပ်ငန်းဆိုင်ရာအချက်အလက်များ

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့က ထုတ်ပြန်ထားရှိသည့်စာရင်းများအရ ၂၀၁၈ ခုနှစ်အတွင်း တစ်က္ဘာလုံး ခရီးသွားအရေအတွက်အားဖြင့် ၁ ဒသမ ၄ ဘီလီယံ ရှိခဲ့ပြီး စုစုပေါင်း ပြည်ပပို့ကုန်တန်ဖိုး၏ ခုနစ်ရာ ခိုင်နှုန်းမှာ ခရီး သွားလုပ်ငန်းကဏ္ဍမှ ဖြစ်ပါသည်။ နိုင်ငံတကာခရီးသွား လုပ်ငန်း၏ ပြည်ပပို့ကုန်တန်ဖိုးမှာ ၁ ဒသမ ၇ ထရီလီယံရှိခဲ့ပါသည်။ က္ဘာ့လှည့်ခရီးသည် စုစုပေါင်း၏ ၅၇ ရာခိုင်နှုန်းမှာ လေကြောင်းဖြင့် ခရီးသွားလာခဲ့ကြပြီး ၅၅ ရာခိုင်နှုန်းမှာ အားလပ်ရက် အပန်းဖြေခရီးထွက်ကြခြင်း ဖြစ်ပါ သည်။ ၁၃ ရာခိုင်နှုန်းမှာမူ စီးပွားရေးအလို့ငှာ ခရီးသွားကြ သူများ ဖြစ်ပါသည်။ က္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်အတွင်း ပြည်ပပို့ကုန်ကဏ္ဍများအလိုက် ပြည်ပပို့ကုန်တန်ဖိုးမှာ ဓာတုဗေဒပစ္စည်းကဏ္ဍတွင် ၁၉၈၃ ဘီလီယံ၊ လောင်စာဆီကဏ္ဍတွင် ၁၉၆၀ ဘီလီယံ၊ ခရီးသွားကဏ္ဍတွင် ၁၅၈၆ ဘီလီယံ၊ အစားအစာ ကဏ္ဍတွင် ၁၄၆၆ ဘီလီယံနှင့် စက်မှုကဏ္ဍတွင် ၁၄၇၀ ဘီလီယံ အသီးသီးရှိခဲ့ပါသည်။ ၂၀၁၈ ခုနှစ်အတွင်း က္ဘာ လှည့်ခရီးသည် လက်ခံမှုအရေအတွက်မှာ အမေရိက တိုက်တွင် ခရီးသည် ၂၁၇ သန်းနှင့် ဝင်ငွေ ၃၃၃ ဘီလီယံ၊ ဥရောပတွင် ၇၁၃ သန်းနှင့် ဝင်ငွေ ၅၁၇ ဘီလီယံ၊ အာဖရိကတွင် ခရီးသည် ၆၇ သန်းနှင့် ဝင်ငွေ ၃၈ ဘီလီယံ၊ အရှေ့အလယ်ပိုင်းဒေသတွင် ခရီးသည် သန်း ၆၀နှင့် ဝင်ငွေ ၇၃ ဘီလီယံ၊ အာရှပစိဖိတ်ဒေသတွင် ၃၄၅ သန်းနှင့် ဝင်ငွေ ၄၃၃ ဘီလီယံ အသီးသီးလက်ခံရရှိပါသည်။

ခရီးသွားလုပ်ငန်းဈေးကွက် ယေဘုယျလက္ခဏာ

ခရီးသွားလုပ်ငန်းဈေးကွက် ယေဘုယျလက္ခဏာမှာ ခရီးသွား ငါးဦးလျှင် လေးဦးသည် ဒေသတွင်း ခရီးသွားများ ဖြစ်ကြပါသည်။ ဥပမာအားဖြင့် ဥရောပဒေသမှ ခရီးသွား ငါးဦးလျှင် လေးဦးမှာ အဆိုပါဒေသတွင်း လှည့်လည်သွားလာသူများ ဖြစ်ကြပါသည်။ ထို့အပြင် ခရီးစဉ်အတွင်း ငွေကြေးသုံးစွဲမှုအများဆုံးနိုင်ငံများအလိုက် ဖော်ပြရာတွင်တရုတ်နိုင်ငံသားများသည် ၂၇၇ ဒသမ ၃ ဘီလီယံဖြင့်အများဆုံး၊ အမေရိကန်နိုင်ငံသားများသည် ၁၄၄ ဒသမ ၂ ဘီလီယံဖြင့် ဒုတိယအများဆုံး၊ ဂျာမနီနိုင်ငံသားများ သည် ၉၄ ဒသမ ၂ ဘီလီယံဖြင့် တတိယအများဆုံး၊ အင်္ဂလန်နိုင်ငံသားများသည် ၇၅ ဒသမ ၈ ဘီလီယံဖြင့်စတုတ္ထအများဆုံး၊ ပြင်သစ်နိုင်ငံသားများသည် ၄၇ ဒသမ ၉ ဘီလီယံဖြင့် ပဥမ ၊ သြစတြေးလျနိုင်ငံသားများသည်၃၆ ဒသမ ၈ ဘီလီယံဖြင့် ဆဋ္ဌမ၊ ရုရှားနိုင်ငံသားများသည်၃၄ ဒသမ ၅ ဘီလီယံဖြင့် သတ္တမ၊ ကနေဒါနိုင်ငံသားများ သည် ၃၃ ဒသမ ၃ ဘီလီယံဖြင့် အဋ္ဌမ၊ ကိုရီးယားနိုင်ငံသား များသည် ၃၂ ဘီလီယံဖြင့် နဝမ ၊ အီတလီနိုင်ငံသားများသည်၃၀ ဒသမ ၁ ဘီလီယံဖြင့် ဒသမ အသီးသီးရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့၏ မူဝါဒများ၊ ရည်ရွယ်ချက်များနှင့် ခရီးသွားလုပ်ငန်းနေ့ ရည်ရွယ်ချက်များကိုကောက်နုတ်ရပါလျှင်- တာဝန်သိခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွား လုပ်ငန်းတိုးတက်ရေး၊ အဆင်ပြေချောမွေ့မှုရှိသောခရီးသွားလုပ်ငန်းဖြစ်ပေါ်စေရေး၊ ခရီးသွားလုပ်ငန်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများဖော်ထုတ်ခြင်းမှသည် ဆင်းရဲမွဲတေမှု လျှော့ချခြင်းနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ဘဝများ ကူညီဖော်ဆောင်ရေးစသည့် အချက်များကိုထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်ပါသည်။

 

မြန်မာ့ခရီးသွား

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလျက်ရှိနေသည့် မြန်မာနိုင်ငံကို နိုင်ငံတကာခရီးသွားလုပ်ငန်းများ၏ စံနှုန်းများ၊ ညွှန်းကိန်းများဖြင့် တိုင်းတာစိစစ်၍ ခရီးသွားလုပ်ငန်း၏လားရာနှင့် ဖော်ဆောင်မှုများကိုလည်း မျက်ခြည်မပြတ်လေ့လာနိုင်ရန် လိုအပ်ပါသည်။

၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကာလအထိ မျှော်မှန်း ၍ ရေးဆွဲထားရှိခဲ့သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်းတွင် မြန်မာနိုင်ငံ၏ အရောင်အသွေးစုံလင်လှသည့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ကျေးလက်ဒေသ နှင့် သဘာဝတရားများကို တန်ဖိုးထားသည့် ခရီးသွား ဧည့်သည်များကို ကြိုဆိုခြင်းနှင့်အတူ စီးပွားရေး အခွင့်အလမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးခြင်းဖြင့် မှီတင်းနေထိုင်ရာဒေသကောင်း တစ်ခုဖြစ်သကဲ့သို့ ခရီးစဉ်ဒေသကောင်းတစ်ခုဖြစ်စေရန်မျှော်မှန်းထားသည်ကို တွေ့ရှိရပါသည်။

 

မြန်မာနိုင်ငံအနေဖြင့် တာဝန်သိခရီးသွားလုပ်ငန်း မူဝါဒများ ချမှတ်ဆောင်ရွက်ရာ တွင် ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ပါဝင်အခြေပြုသည့် ခရီးသွား လုပ်ငန်းများ မြှင့်တင်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်စေရေး ဆောင်ရွက်ရန်လည်း အပါအဝင်ဖြစ်ပြီး ဒေသခံ ရပ်ရွာလူထုအခြေပြုသည့် စီမံခန့်ခွဲမှုပုံစံဖြင့်လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) စီမံကိန်း ၁၈ ခုကို ကျေးရွာ ၄၂ ရွာဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း၊ မကွေး၊ စစ်ကိုင်း၊ မ္တလေး၊ ရန်ကုန်နှင့် တနင်္သာရီအစရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ဆက်လက်၍ စီမံကိန်း ခုနစ်ခု၊ ရွာပေါင်း ၁၁ ရွာကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေဆဲဖြစ်ပါသည်။

ထို့ပြင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ထုတ်ကုန်များ ပြွေါကယ်ဝမှု၊ ထူးခြားမှုနှင့် အရည်အသွေးများ ယှဉ်ပြိုင်နိုင်စေရေးအတွက် အစားအစာပြပွဲများကျင်းပ ခြင်း၊ လက်မှုထုတ်ကုန် အမှတ်တရပစ္စည်းများ ခင်းကျင်း ပြသခြင်းများနှင့် အလားတူ ဝန်ဆောင်မှုကဏ္ဍတွင်လုပ်ကိုင်နေကြသူများ၏ အရည်အသွေးပိုမိုကောင်းမွန်စေရေးအတွက် ခရီးသွားလုပ်ငန်း သက်မွေးပညာသင်တန်း များ ဖွင့်လှစ်သင်ကြားပေးခြင်း၊ ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း စသည်တို့အပြင် ခရီးသွား များအတွက် ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုရှိစေရေး အတွက် စောင့်ရှောက်မှုအဖွဲ့များကိုလည်း ဖွဲ့စည်းဆောင်ရွက်ထားရှိခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ အကျိုး ရလဒ်အနေဖြင့် ၂၀၁၇ ခုနှစ် ဂျာမနီနိုင်ငံ ဘာလင်မြို့က္ဘာ့ခရီးသွားပြပွဲတွင် လူမှုတာဝန်သိလုပ်ငန်းဆု(Social Responsible Tourism Award)ကိုလည်း ပအိုဝ်းဒေသ လူထုအခြေပြုခရီးသွားလုပ်ငန်းမှလက်ခံရယူခဲ့ပြီး ဖြစ်ပါသည်။

တာဝန်သိခရီးသွားလုပ်ငန်း မူဝါဒများအနက်အဓိကအရေးပါသည့် အချက်တစ်ချက်မှာ ခရီးသွား လုပ်ငန်းစီမံခန့်ခွဲရေးအတွက် ခိုင်မာသောဖွဲ့စည်း ဆောင်ရွက်မှုပြုနိုင်ရေးသည်လည်း အပါအဝင်ဖြစ်သည့်အလျောက် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် ခရီးသွားလုပ်ငန်းစီမံခန့်ခွဲဆောင်ရွက်နိုင်ရန်ဒေသဆိုင်ရာ ခ ရီးသွားလုပ်ငန်းကော်မတီများဖွဲ့စည်း၍ လုပ်ပိုင်ခွင့်များ ခွဲဝေကျင့်သုံးခြင်းကို ၂၀၁၈ ခုနှစ်စက်တင်ဘာလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေဖြင့် ပြဋ္ဌာန်းဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိနိုင်ပါသည်။

ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း မှာလည်း သဘာဝပတ်ဝန်းကျင်နှင့်ရိုးရာယဉ်ကျေးမှုများ အပေါ် အဆိုးသက်ရောက်မှု အနည်းဆုံးဖြစ်စေရန်ဆောင်ရွက်ရသော ခရီးသွားလုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသခံများအတွက် ကောင်းမွန်သောအနာဂတ်အဖြစ်ဆက်လက်ရှင်သန် ကျန်ရစ်စေရမည်ဖြစ်ပါသည်။

 

သို့ဖြစ်ရာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး စသည့်အဓိကခရီးစဉ်ဒေသများသို့ ခရီးသည်ဝင်ရောက်မှုသိပ်သည်းထူထပ်ခြင်း (ဥလနမ ွှသကမငျာ) မရှိစေရေး အတွက် ထူးခြားလှပသာယာသော ခရီးစဉ်ဒေသအသစ်များကို ရှမ်း၊ ကယား၊ တနင်္သာရီ၊ ရခိုင်၊ ကရင်၊ ကချင်စသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ရှာဖွေဖော်ထုတ်ခြင်း စသည်များကို ဆောင်ရွက်ပေးခြင်းဖြင့်ခရီးစဉ်ဒေသတစ်ခုတည်း၌သာ ကမ္ဘာလှည့်ခရီးသည်များ သိပ်သည်းနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့်ယဉ်ကျေးမှုဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ်မလာနိုင်စေရန်ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်ကိုလည်း တွေ့ရှိရပါ သည်။

ထို့အပြင် ခရီးသွားဧည့်သည်ဝင်ရောက်မှုလျော့နည်းခြင်းမရှိဘဲ ဈေးကွက်ရေရှည်ခိုင်မာရေး အတွက် မြန်မာနိုင်ငံခရီးသွားကဏ္ဍ၏ အမှတ်တံဆိပ်ကိုလည်း ပြန်လည်ဆန်းစစ်၍ ဈေးကွက်ယှဉ်ပြိုင်နိုင်မှုရှိစေရန် ခေတ်နှင့်ညီစွာ “Myanmar , Be enchanted” အမှတ်တံဆိပ်သို့ ပြောင်းလဲခဲ့ပါသည်။ အဆိုပါအမှတ်တံဆိပ်အောက်တွင် မြန်မာနိုင်ငံ၏ သဘာဝနှင့် ယဉ်ကျေးမှုအလှတရားများအား နှစ်ခြိုက်ခုံမင်စွာ ခံယူခြင်းဟူသော အနှစ်သာရကို အထင်ကရ ခရီးသွားဈေးကွက်မှ သိမြင်နိုင်ရန် ဒစ်ဂျစ်တယ်နည်း ပညာသုံး၍ မြှင့်တင်ကြော်ငြာခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါ သည်။

အဆင်ပြေချောမွေ့မှုရှိသော ခရီးစဉ်ဒေသအဖြစ်တိုးတက်လာစေရန်အတွက်လည်း ခရီးသွားရာသီအပေါ် အခြေခံ၍ နိုင်ငံတကာလေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းများနည်းတူ ဝန်ကြီး ဌာနများပူးပေါင်း၍ မလိုလားအပ်သော အဟန့်အတား များ လျှော့ချခြင်းတို့ကို စီစဉ်ဆောင်ရွက်လျက်ရှိရာ အရှေ့အာရှနိုင်ငံများနှင့်အနောက်နိုင်ငံများကို ဗီဇာဖြေလျှော့ပေးခြင်းများ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နေခြင်း လည်း အပါအဝင်ဖြစ်ပါသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ(WTTC) ၏ ၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ သုတေသန အချက်အလက်များတွင် အလုပ်အကိုင်စုစုပေါင်း၏ ၅ ဒသမ ၉ ရာခိုင်နှုန်းမှာ ခရီးသွားကဏ္ဍမှဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်း အလုပ်အကိုင်ပေါင်း ၁၃၅၁၈၀ဝ ဖန်တီးနိုင်ခဲ့ကြောင်းဖော်ပြပါရှိရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၁၃-၂၀၂၀) ၏ အလုပ်အကိုင်ပေါင်း ၁ ဒသမ ၄၉ သန်း လျာထားချက်ပြည့်မီရန် နီးကပ်လာ ပြီဖြစ်ကြောင်း သိရှိနိုင်ပါသည်။ မြန်မာနိုင်ငံသို့က္ဘာလှည့်ခရီးသည် ဝင်ရောက်မှုအများဆုံး အဓိက ခရီးစဉ်ဒေသများအပြင် ခရီးစဉ်ဒေသအသစ်များ၊ လူထုအခြေပြု ခရီးသွားလုပ်ငန်းစီမံကိန်းများဖြင့်ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ခရီးသည်ဝင်ရောက်မှုဖြန့်ခွဲခြင်းဖြင့် ဒေသတစ်ခုတည်း၌သာ ခရီးသည်ထူထပ်နေခြင်း(Over tourism) ကြောင့် သဘာဝနှင့်ယဉ်ကျေးမှုစံနှုန်းများ ထိခိုက်ခြင်းမှကာကွယ်နိုင်သည့်နည်းတူ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိကျေးလက်ဒေသများအထိ ခရီးသွားလုပ်ငန်းဖြင့် အလုပ်အကိုင်များဖန်တီးပေးနိုင်ပြီး လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုး တိုးတက်စေမည်ဖြစ်ပါသည်။

အချုပ်အားဖြင့် က္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့မှထုတ်ပြန်ချက်များအရ ခရီးသွားနေစဉ်အတွင်း ငွေကြေး သုံးစွဲမှုအများဆုံးနိုင်ငံများအနက်မှ တရုတ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ရုရှားနိုင်ငံ၊ အီတလီနိုင်ငံစသည့် ခရီးသွားဈေးကွက်များကို စနစ်တကျတိုးတက်စေရန်နှင့်လွယ်ကူအဆင်ပြေ စေရန် စီစဉ်ဆောင်ရွက်နေမှုများသည်လည်း ကောင်းမွန်သော ဈေးကွက်ရွေးချယ်မှုဟု ဆိုရမည်ဖြစ်ပါသည်။ထို့အပြင် က္ဘာ့ခရီးသွားစုစုပေါင်းအရေအတွက်၏ ၅၇ ရာ ခိုင်နှုန်းမှာ လေကြောင်းဖြင့် ခရီးသွားလာကြခြင်း ဖြစ်သဖြင့် လေကြောင်းဖြင့်ဝင်ရောက်မှု ပိုမိုလွယ်ကူအဆင်ပြေစေရန် ဆောင်ရွက်ထားရှိရန်လိုအပ်ပြီး ကမ္ဘာလှည့်ခရီးသည် ၅၅ ရာခိုင်နှုန်းမှာ အားလပ်ရက်အပန်းဖြေခရီးထွက်ကြခြင်း ဖြစ်သည့်အတွက်အားလပ်ရက် အပန်းဖြေခရီးသွားလှုပ်ရှားမှုများ၊ ဒေသ အသစ်များ၊ ဆွဲဆောင်မှုအသစ်များကို တီထွင်ကြံဆ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ရောင်းလိုအားနှင့် ဝယ်လိုအား မျှတစွာဖွံ့ဖြိုး၍ အလုပ်အကိုင်ကောင်းများ ပိုမိုရှာဖွေဖော်ထုတ်ပေးနိုင်ပါစေကြောင်း ၂၀၁၉ ခုနှစ်က္ဘာ့ခရီးသွားလုပ်ငန်းနေ့အတွက် ဆန ́မွန်ပြုအပ်ပါသည်။ ။

ကိုးကား- www.unwto.org key tourism figure(info-graphic)

- www.wttc.org. 2019 annual research; key highlights (Myanmar)

- ခရီးသွားလုပ်ငန်းပင်မစီမံကိန်း (၂၀၁၃-၂၀၂၀)

 

ggg