နေပြည်တော် ၆ ဒီဇင်ဘာ
မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ၂၀၁၉ ခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် သုခုမလမ်းရှိ အသင်းအစည်းဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ အထိမ်းအမှတ် လှုပ်ရှားမှုပြခန်းကို ကြည့်ရှုကြသည်။
ထို့နောက် မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက ဒက္ခိဏသီရိမြို့နယ် ကြာပင်ကျေးရွာအုပ်စုရှိ ထန်းတပင်ကျေးရွာ၌ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါကာ ကွယ်တားဆီးရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပပြီး ကိုယ်ဝန်ဆောင်မိခင်များကို ကလေးအင်္ကျီ၊ အနှီးပိတ်နှင့် အားဆေးများကို ထောက်ပံ့ပေးအပ်သည်။
သန့်ဇော်