ရန်ကုန် ၇ ဩဂုတ်

အမေရိကန်နိုင်ငံ၌ ကျင်းပခဲ့သည့် (၂၄)ကြိမ်မြောက် ကမ္ဘာ့ကင်းထောက်များ တွေ့ဆုံပွဲ (24th World Scout Jamboree) တက်ရောက်ခဲ့ကြသော မြန်မာကင်းထောက်လူငယ် မောင်ခွန်လတ်အောင် (နည်းပညာတက္ကသိုလ် မန္တလေး)၊ မရှင်းသန့်လှိုင် (Brainworks- TOTAL International School Yangon)၊ မောင်ဟိန်းနိုင်စိုး (မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်)တို့သည် ယမန်နေ့ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ကင်းထောက်ကြီးများနှင့် ကင်းထောက်လူငယ်များ၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။ 

 

4f

 

မြန်မာကင်းထောက်လူငယ်များသည် ကမ္ဘာ့ကင်းထောက်ကိုယ်စားလှယ်များနှင့်အတူ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆက်သွယ်မှုဆိုင်ရာ ဆွေးနွေးခြင်း၊ ဘာသာရေးအသိအမြင်များ ဖလှယ်ခြင်း၊ နည်းပညာဆိုင်ရာ အတွေ့အကြုံများမျှဝေခြင်း စသည့် ကင်းထောက်လှုပ်ရှားမှုဆိုင်ရာ ဆွေးနွေးမှုများအပြင် စခန်းချအားကစားလှုပ်ရှားမှုအဖြစ် တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကျောက်တောင်တက်ခြင်း၊ လှေလှော်ခြင်း၊ ကြိုးဆွဲကစားခြင်း၊ ရေကူးခြင်းများကို ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်