ဂျီနီဗာ၊ အောက်တိုဘာ ၄

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ ကာကွယ်ဆေးအသစ်များကို သုံးစွဲရန် အတည်ပြု ထောက်ခံပေးခဲ့သည်။

 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကလေးငယ်များကို ပိုမိုကောင်း မွန်စွာကာကွယ်နိုင်စေရန် ရည် ရွယ်ပြီး အဆိုပါကာကွယ်ဆေးများကို ထောက်ခံပေးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တီဒရော့စ် အက်ဒါနွန် ဂါဘရီယီဆက်စ်က ဂျနီဗာမြို့၌ သတင်းထောက်များအား ပြောကြာ ခဲ့သည်။

 

သွေးလွန်တုပ်ကွေး ရောဂါသည် ခြင်မှကူးစက်သည့် ရောဂါတစ်မျိုးဖြစ်ပြီး အဖျားကြီးပြီး ပြင်းထန်သော ခေါင်းကိုက်ခြင်းကို ဖြစ်စေသည်။ ဘင်္ဂလားဒေ့ရှ်သည် ယခုနှစ်အတွင်း အဆိုးရွားဆုံး ရောဂါဖြစ်ပွားမှုကို ကြုံတွေ့နေရ ပြီး သေဆုံးသူ ၉၀၀ ကျော်ရှိကြောင်း သိရသည်။

 

ဗြိတိန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်မှ ထုတ်လုပ်သည့် ငှက်ဖျားရောဂါ ကာကွယ်ဆေး အသစ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အကြီးအကဲ တီဒရော့စ် အက်ဒါနွန် ဂါဘရီယီဆက်စ်က ပြောကြားခဲ့သည်။

 

ငှက်ဖျားရောဂါသည် ခြင်မှကူးစက်သည့် ရောဂါဖြစ်ပြီး နှစ်စဉ် လူ ၅၀၀၀၀၀ ခန့် အသက်ဆုံးရှုံးလျက်ရှိကာ အများစုမှာ အာဖရိကရှိ ကလေးငယ်များ ဖြစ်သည်။

 

၂၀၂၁ ခုနှစ်တွင် ငှက်ဖျား ကာကွယ်ဆေးတစ်မျိုးကို ထောက်ခံပေးခဲ့သော်လည်း ဝယ်လိုအားမှာ ပေးဝေမှုထက် များစွာကျော်လွန်လျက်ရှိသည်။ ယခုထောက်ခံပေးသည့် ငှက်ဖျားကာကွယ်ဆေးအသစ်သည် ကလေးများကို ပိုမို ကာကွယ်နိုင်လိမ့်မည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က မျှော်လင့်ထားသည်။

 

ရာသီဥတုဖောက်ပြန်မှုကြောင့် ခြင်ပေါက်ပွားနေထိုင်ရာနေရာများ ကျယ်ပြန့်လာကာ အင်းဆက်ပိုးမွှားမှ ကူးစက်သော ဗိုင်းရပ်စ်များလည်း ပိုမိုများပြားလာကြောင်း ကျွမ်းကျင်သူများက သတိပေးသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်