နေပြည်တော် ၇ ဒီဇင်ဘာ
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Golden Myanmar Butterfly Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပြင်သစ်နိုင်ငံသား ဧည့်သည် ငါးဦးသည် အောက်တိုဘာလမှ နိုဝင်ဘာလအထိ မြန်မာရွှေလိပ်ပြာအပျော်စီး ရေယာဉ်ဖြင့် သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဧည့်သည်များသည် မန္တလေး - ရှိန်းမကား - သပိတ်ကျင်း - တကောင်း - ကသာ - ဆင်စခန်း -ဗန်းမော် - မန္တလေး - သီပေါ - မန္တလေး- ရန်ကုန်သို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် ပြည်ပသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။
ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများနှင့် ဒုတိယ မြစ်ကျဉ်းသဘာဝအလှအပရှုခင်းများ၊ ရေလုပ်သားတို့၏ လူနေမှု ဓလေ့စရိုက်နေထိုင်မှုပုံစံများ၊ ဆင်စခန်း၊ ရိုးရာအိုးလုပ်ငန်းနှင့် ညနေနေဝင်ဆည်းဆာအလှအပများအား ခံစားသိရှိလို၍ ဧရာဝတီမြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း စသည့်ခရီးစဉ်များကို ပိုမိုတိုးတက်လည်ပတ်လျှက် ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
MDN