နေပြည်တော် ၁၁ ဇွန်လ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်း များဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်းရှိ အပျော်စီးသင်္ဘောများဖြင့်လည်းကောင်းလည်ပတ်လျက်ရှိသည်။

ယင်းသို့ လာရောက်လည်ပတ်လျက်ရှိရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Osuga Myanmar Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပြင်သစ်နိုင်ငံသားဧည့်သည် (၄) ဦးသည် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် (၁) စီးဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန် (၂) ရက်နေ့မှ ဇွန် (၁၁) ရက်အထိ တမူး-ကလေး-မုံရွာ-မန္တလေး-ညောင်ဦး-ညောင်ရွှေ-နမ့်စန်-ကျိုင်းတုံ-တာချီလိတ် ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ တာချီလိတ် နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။

ပွင့်လင်းရာသီကာလဖြစ်သည်နှင့်အညီ နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမို တိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ် လျက်ရှိကြောင်း ဟိုတယ်နှင်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
MDN
