ရန်ကုန် ၂၂  မတ် 


ခရီးသွားပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားကမ္ဘာလှည့် ခရီးသည်များ အဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးစီသော်လည်းကောင်း ဝင်ရောက်လေ့လာလျက်ရှိရာ မတ်လ ၂၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်သို့  နိုင်ငံခြားခရီးသည်များ ဝင်ရောက်လေ့လာ ခဲ့ကြောင်း  သိရသည်။


ယင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသား ကမ္ဘာလှည့် လေ့လာရေးအဖွဲ့များသည် မတ် ၂၂ ရက် နံနက် ၁၀ နာရီတွင် မြို့မတောင်ရပ်ကွက် ဖို့မြေလမ်း၊ သတိပဋ္ဌာန်လမ်း၊ စာတိုက်လမ်းတို့တွင် ဆိုက်ကားများ၊ မြင်းလှည်းများဖြင့် လှည့်လည်လေ့လာခဲ့ကြပြီး မြို့မဈေးအတွင်း ဝင်ရောက်ကြကာ ဒေသထွက် ပစ္စည်းများအား လေ့လာဝယ်ယူခဲ့ကြသည်။


အဆိုပါ နိုင်ငံခြားသား ကမ္ဘာလှည့် လေ့လာရေးအဖွဲ့များသည် သန်လျင်မြို့တွင်းသို့ ဆက်လက်လာရောက် လေ့လာရန်ရှိကြောင်း သိရသည်။


သက်ခိုင် (သန်လျင်)

 

1