ဗန်ကောက်    ဇန်နဝါရီ   ၆

ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်မည့် တရုတ် နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများမှ နိုင်ငံသားများအား နိုင်ငံအတွင်း  ချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ  ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများအတိုင်း လိုက်နာ ဆောင်ရွက်စေရမည်ဖြစ်ကြောင်း ထိုင်းပြည်သူ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားသည်။ 

ထိုင်းနိုင်ငံတွင်   လက်ရှိအချိန်၌  ကိုဗစ်-၁၉ ရောဂါ   ကူးစက်နိုင်သည့်   စောင့်ကြည့်စစ်ဆေးနေဆဲရောဂါအမျိုးအစားအဖြစ် သတ်မှတ်ထားသော် လည်း   နိုင်ငံအတွင်း   လက်ရှိချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများ သည် ပြည်ပနိုင်ငံများမှ ခရီးသည်များအား နိုင်ငံ အတွင်း ဝင်ရောက်ရေးတွင် ကန့်သတ်ချက်တစ်စုံ တစ်ရာ   မဖြစ်စေနိုင်ကြောင်း   ထိုင်းနိုင်ငံ   ဒုတိယ ဝန်ကြီးချုပ်နှင့်    ကျန်းမာရေးဝန်ကြီး    အနုတင် ချန် ဗီရာကားက ပြောကြားသည်။ 

ထိုင်းနိုင်ငံ၌ လက်ရှိချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးမူဝါဒများသည် ကမ္ဘာ့ အဆင့်မီမူဝါဒများဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
 ထို့ပြင် ထိုင်းနိုင်ငံသို့လာရောက်သည့် ကမ္ဘာ လှည့်ခရီးသည်တိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်  ထိုးနှံပြီးစီးရေးနှင့်  ထိုင်းနိုင်ငံအတွင်းသို့ မလာရောက်မီ ကိုဗစ်-၁၉ ရောဂါဆိုင်ရာခရီးသွားလာ ရေးအာမခံပြုလုပ်ရေးစသည့် စည်းမျဉ်းအသစ်များကို ထပ်မံချမှတ်ရေးအတွက် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ  က ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ပထမသုံးလအတွင်း တရုတ်ခရီးသည် သုံးသိန်းခန့် နိုင်ငံအတွင်းသို့ ရောက်ရှိလာနိုင်ကြောင်း ထိုင်းခရီးသွားလုပ်ငန်းတာဝန်ရှိသူများက ပြောသည်။ 

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ