ကမ္ဘာလှည့်ခရီးသည်များကို နာဂတိုင်းရင်းသားရိုးရာ အကအဖွဲ့က မီးပုံဝိုင်းဖြင့် ဖျော်ဖြေတင်ဆက်

ဟုမ္မလင်း ၁၄ စက်တင်ဘာ


ဟုမ္မလင်းမြို့ပေါ်ရှိ နာဂတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဝတ်စားဆင်ယင်မှုများ၊ အမွေအနှစ်များကို လေ့လာရန် လာရောက်လည်ပတ်ကြသည့် ကမ္ဘာ့လှည့်ခရီးသည်များကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ နန်ဖွတ်မှော်ရပ်ကွက်၊ ဟုမ္မလင်း နာဂစာပေနှင့် ရိုးရာယဉ်ကျေးမှုကွင်းတွင် နာဂတိုင်းရင်းသားရိုးရာအကအဖွဲ့က မီးပုံဝိုင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မကူရီ အမျိုးသားအကအဖွဲ့မှ ဦးဆောင်၍ နာဂရိုးရာပန်တုံးအားထုခြင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး ဦးချွေးထောင်းက မီးပုံဝိုင်းအားထွန်းညှိခဲ့သည်။ ယင်းနောက် ဟုမ္မလင်းမြို့ပေါ်ရှိ နာဂတိုင်းရင်းသားများမှ မိမိတို့၏ ရိုးရာအကများဖြင့် တင်ဆက်ခဲ့ရာ မကူရီအမျိုးသား/ အမျိုးသမီးအက၊ တန်ကွန်အမျိုးသား/ အမျိုးသမီးအက၊ ပါရာအမျိုးသား/  အမျိုးသမီးအက၊ ဂရုဏအိမ်တော်မူကြိုအကအဖွဲ့များ၊ စသည့်အကအဖွဲ့ (၈)ဖွဲ့က စုပေါင်း၍ ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းနှင့် နာဂရိုးရာခေါင်ရည်ဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၂၃ ရက်နေ့တွင်လည်း အလားတူ ကမ္ဘာလှည့်ခရီးသည်များ ထပ်မံလာရောက်ကြမည်ဖြစ်ကြောင်း သိရသည်။


လင်းလင်း(ပြန်/ဆက်)