ရန်ကုန် ၃၁ ဇန်နဝါရီ
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှူဖြင့် Myanmar Voyages International Tourism Co.Ltd ၏ အစီအစဉ်ဖြင့် ဗြိတိန်နိုင်ငံ အခြေစိုက် Fred. Oslen Cruise Line မှ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီး သင်္ဘောကြီး MV BOUDICCA သည် ထိုင်နိုင်ငံဖူးခက်ဆိပ်ကမ်းမှ တစ်ဆင့် ဇန်နဝါရီ ၃၁ ရက်၊ နံနက် ၆ နာရီခွဲတွင် Walmar Myanmar သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်လာသည်။
အဆိုပါ သင်္ဘောကြီးမှာ LOA အလျား (၂၀၆ ဒသမ ၉၆) မီတာရှိ၍ GRT တန်ချိန် (၂၈ ဒသမ ၃၇၂) တန် ရှိပြီး ကမ္ဘာလှည့်ခရီးသည် (၉၀ဝ) ဦးခန့်နှင့် သင်္ဘောဝန်ထမ်း (၃၆၃) ဦးခန့်လိုက်ပါ စီးနင်းသည့် သင်္ဘောကြီးဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များသည် ပဲခူးနေ့ချင်းပြန်ခရီးစဉ်၊ သန်လျင်မြို့တွင်း၊ ကျောက်တန်းရေလယ်၊ ရန်ကုန်-ဒလ ကူတို့သင်္ဘောခရီးစဉ်နှင့် ရန်ကုန်မြို့တွင်း လှည့်လည် လည်ပတ် သွားရောက်ကြမည်ဖြစ်သည်။
ယင်းခရီးစဉ်တွင် ပါဝင်သည့် ကမ္ဘာလှည့်ခရီးသည်များသည် ဖေဖော်ဝါရီ ၁ ရက်တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)


